Categories
international

ZAYN MALIK & GIGI HADID WELCOMES THEIR BABY GIRL

သမီးဦးလေးကို ကြိုဆိုလိုက်တဲ့ Zayn Malik နဲ့ Gigi Hadid

Gigi Hadid and Zayn Malik finally enter the parents club! Gigi Hadid just gave birth to a healthy baby girl!

Gigi Hadid နဲ့ Zayn Malik တို့နှစ်ယောက် နောက်ဆုံးတော့ မိဘတွေဖြစ်လာကြပါပြီ။ Gigi Hadid က ကျန်းမာသန်စွမ်းတဲ့ သမီးဦးလေးကို ဖွားမြင်ခဲ့ပါတယ်။

The proud dad took Twitter to announce the big news, together with a touching black-and-white photo showing him holding his baby girl’s little hand.

ဖခင်ဖြစ်သူက ဂုဏ်ယူဝင့်ကြွားစွာနဲ့ သမီးလေးနဲ့ လက်ချင်းဆုပ်ကိုင်ထားတဲ့ အဖြူအမည်းဓာတ်ပုံလေးကို twitter မှာ တင်ခဲ့ပါတယ်။

Zayn tweets:

“Our baby girl is here, healthy, and beautiful,”

“ကျွန်တော်တို့ရဲ့ ကျန်းမာသန်စွမ်းပြီး လှပတဲ့သမီးရတနာလေးပါ”

“To try put into words how I am feeling right now would be an impossible task. The love I feel for this tiny human is beyond my understanding. Grateful to know her, proud to call her mine, and thankful for the life we will have together.”

“ကျွန်တော်အခုဘယ်လိုခံစားနေရလဲဆိုတာကို စကားလုံးတွေနဲ့ဖော်ပြဖို့တောင်မဖြစ်နိုင်ပါဘူး။ ဒီလူသားလေးအပေါ်ခံစားရတဲ့ ကျွန်တော့်ရဲ့အချစ်က နားလည်နိုင်တာထက်ပိုပါတယ်။ သူ့ကိုသိခွင့်ရလို့ ဝမ်းသာမိတယ်၊ သူ့ကို ကျွန်တော့်သမီးလေးလို့ပြောခွင့်ရတဲ့အတွက် ဂုဏ်ယူမိတယ်၊ ကျွန်တော်တို့အတူရှေ့ဆက်ရမယ့်ဘဝအတွက်လည်း ကျေးဇူးတင်ပါတယ်။” လို့ Zayn က Twitter မှာ တင်ခဲ့ပါတယ်။

Shortly after Gigi took to social media to introduce their daughter to the world:

သိပ်မကြာခင်မှာပဲ Gigi ကလည်း ဆိုရှယ်မီဒီယာကတဆင့် ကမ္ဘာကြီးကို သူမရဲ့သမီးလေးနဲ့ မိတ်ဆက်ပေးခဲ့ပါသေးတယ်။

“Our girl joined us earth-side this weekend and she’s already changed our world. So in love,” she said in her Instagram post, which also shows a black-and-white photo of her and her precious child locking hands.

“ကျွန်မတို့ရဲ့သမီးလေး ကမ္ဘာမြေပေါ်ရောက်ရှိလာပါပြီ။ သူလေးက ကျွန်မတို့နှစ်ယောက်ရဲ့ကမ္ဘာကို ပြောင်းလဲပေးလိုက်ပါပြီ။ အရမ်းချစ်မိတယ်” လို့ သူမရဲ့ instagram post မှာ သားအမိနှစ်ယောက် လက်ချင်းဆုပ်ကိုင်ထားတဲ့ အဖြူအမည်းဓာတ်ပုံလေးနဲ့အတူ ဖော်ပြခဲ့ပါတယ်။

Gigi and Zayn were first reported to be expecting back in April. The model, who also celebrated her 25th birthday, was then halfway through her pregnancy at 20 weeks.

Gigi နဲ့ Zayn တို့ ပြန်လည်သင့်မြတ်သွားတဲ့အကြောင်း ဧပြီလမှာ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ သူမရဲ့ ၂၅ နှစ်ပြည့်မွေးနေ့ကို ဆင်နွှဲချိန်မှာတော့ သူမရဲ့ကိုယ်ဝန်က ရက်သတ္တပတ် ၂၀ ခန့်ရှိနေပါပြီ။

Gigi revealed her baby bump for the first time in July.

Gigi က သူမရဲ့လှပကျော့ရှင်းတဲ့ဗိုက်ကို ဇူလိုင်လမှာ ပထမဆုံးအကြိမ်အဖြစ် အားလုံးကိုအသိပေးခဲ့ပါတယ်။

Congratulations, Zayn and Gigi! We can’t wait to see more photos of your beautiful blessing!

ဂုဏ်ယူပါတယ် Zayn နဲ့ Gigi ရေ! ချစ်စရာကောင်းတဲ့ သမီးလေးရဲ့ဓာတ်ပုံတွေကိုမြင်ရဖို့ မစောင့်နိုင်တော့ပါဘူး။

Written & Translated by Yaminn Phyo Wai