Categories
health

RELATABLE QUOTES ABOUT STRUGGLING AND WORKING HARD

ခက်ခက်ခဲခဲကြိုးစားရုန်းကန်နေသူတွေအတွက် ကိုးကားချက် ၅ ခု 

At some point in your career you will struggle at work. And some times wise words are needed to uplift the spirits up. Here are some of the quotes we love from these famous personalities and can help. 

ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းမှာ ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်နေရတဲ့အချိန်တွေလည်း ရှိတတ်ပါတယ်။ တစ်ခါတစ်လေ အဆိုအမိန့်စကားနဲ့ ကိုးကားချက်အချို့က ကိုယ့်ရဲ့စိတ်ဝိဉာဉ်ကို ခွန်အားဖြစ်စေပါတယ်။ ဒါကြောင့် OOTD ရဲ့ အနှစ်သက်ဆုံးဖြစ်တဲ့အဆိုအမိန့်တွေထဲက ဘဝကို ခွန်အားဖြစ်စေမယ်စကားအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ 

“I do not know anyone who has got to the top without hard work. That is the recipe. It will not always get you to the top, but should get you pretty near.” -Margaret Thatcher

“ ခက်ခက်ခဲခဲမကြိုးစားပါဘဲနဲ့ ထိပ်ဆုံးရောက်လာတဲ့လူဆိုတာမရှိပါဘူး။ ဒါက လိုက်နာရမယ့်နည်းလမ်းပါဘဲ။ ဒီလိုကြိုးစားရတာက အမြဲတမ်းထိပ်ဆုံးကိုမရောက်နိုင်ပေမယ့် အနီးဆုံးကိုတော့ အရောက်ပို့ပေးနိုင်ပါတယ်။” – Margaret Thatcher

“I don’t know anything about luck. I’ve never banked on it and I’m afraid of people who do. Luck to me is something else: Hard work—and realizing what is opportunity and what isn’t.” -Lucille Ball

“ကံတရားအကြောင်းကို ကျွန်မ နည်းနည်းမှမသိပါဘူး။ ကံကိုလည်းပုံမအပ်ဖူးသလို အဲ့ဒီလိုပုံအပ်တဲ့လူတွေကိုလည်း ကျွန်မ ကြောက်မိပါတယ်။ ကျွန်မအတွက်တော့ ကံတရားဆိုတာ ကြိုးကြိုးစားစားလုပ်ဆောင်ခြင်း နဲ့ ဘယ်အရာက ကိုယ့်အတွက် အခွင့်အလမ်းဟုတ်တယ် မဟုတ်ဘူးဆိုတာကို သဘောပေါက်နားလည်ခြင်းပဲဖြစ်ပါတယ်။” – Lucille Ball

“One of the lessons that I grew up with was to always stay true to yourself and never let what somebody else says distract you from your goals. And so when I hear about negative and false attacks, I really don’t invest any energy in them, because I know who I am.” -Michelle Obama

“ရှင်သန်နေထိုင်လာတဲ့သက်တမ်းတလျှောက် ကျွန်မရရှိခဲ့တဲ့ သင်ခန်းစာတွေထဲက တစ်ခုကတော့ စစ်မှန်စွာနေထိုင်ခြင်းနဲ့ တစ်စုံတစ်ဦးရဲ့ပယောဂကြောင့် ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ယိမ်းယိုင်မသွားစေခြင်းပဲဖြစ်ပါတယ်။ မကောင်းတဲ့အမြင်တွေ၊ ယုတိ္တမတန်တဲ့အကြောင်းအရာတွေ ကြားရပေမယ့် အဲ့ဒီအရာတွေပေါ်မှာ ကျွန်မရဲ့အင်အားတွေကို မဖြုန်းတီးပစ်ပါဘူး။ ကျွန်မ ဘယ်သူဘယ်ဝါဆိုတာ ကျွန်မကိုယ်တိုင်သိနေလို့ပဲဖြစ်ပါတယ်။” – Michelle Obama 

“Whenever I feel bad, I use that feeling to motivate me to work harder. I only allow myself one day to feel sorry for myself. When I’m not feeling my best I ask myself, ‘What are you gonna do about it?’ I use the negativity to fuel the transformation into a better me.” -Beyonce

“ စိတ်ညစ်စရာတွေကြုံလာတိုင်း ကိုယ့်ကိုယ်ကိုယ်အားပေးပြီး အလုပ်ပိုကြိုးစားဖြစ်တယ်။ ကျွန်မကိုယ်ကျွန်မ ဝမ်းနည်းစိတ်မကောင်းဖြစ်ဖို့ တစ်ရက်ပဲအချိန်ပေးတယ်။ အကောင်းဆုံးမဟုတ်ဘူးလို့ ခံစားရတဲ့အချိန်တိုင်း “ အဲ့ဒီအတွက် ငါဘာလုပ်မလဲ” လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖြစ်တယ်။” အပျက်သဘောတွေကို လောင်စာအဖြစ်အသုံးပြုပြီး ပိုကောင်းတဲ့လူဖြစ်လာအောင်ကြိုးစားတယ်။” – Beyonce

“You can only become truly accomplished at something you love. Don’t make money your goal. Instead, pursue the things you love doing, and then do them so well that people can’t take their eyes off you.” -Maya Angelou

“ ကိုယ်ချစ်တဲ့အရာကပဲ ကိုယ့်ကိုယ်စစ်မှန်တဲ့ပြီးပြည့်စုံမှုကို ခံစားစေမှာပါ။ ငွေကြေးကို သင့်ရဲ့ဘဝရည်မှန်းချက်မဖြစ်ပါစေနဲ့။ ကိုယ်တစ်ကယ်ချစ်မြတ်နိုးတဲ့အရာတစ်ခုကို မိမိရရဖမ်းဆုပ်ပါ။ လူတွေရဲ့မျက်လုံးက ကိုယ့်ဆီကမခွာနိုင်တော့လောက်အောင်အထိ အကောင်းဆုံးကြိုးစားလိုက်ပါ။” – Maya Angelou

MODEL: Hsu Po Po Tun

OUTFIT: MDS Myanmar