Categories
health

FACE MASKS WITH BREATHING VALVES CAN’T PREVENT THE SPREAD OF COVID-19

လေရှူပေါက်ပါတဲ့ mask တွေက COVID 19 ပျံ့နှံ့ခြင်းမှ မကာကွယ်ပေးနိုင်ပါ

Masks, face shields, and  alcohol are some necessities we need ever since the #covid19 affected the world.

Mask တွေ face shield တွေနဲ့ အရက်ပြန်တွေက ကမ္ဘာမှာ ကိုဗစ် 19 စတင်ပျံ့နှံ့စဉ်ကတည်းက လိုအပ်နေတဲ့အရာတွေဖြစ်ပါတယ်။ 

Masks can be the very essential and perhaps the most important in preventing transmission of the virus. 

Mask တွေက အမှန်တစ်ကယ်လိုအပ်ပြီး ဗိုင်းရပ်ပိုးပျံ့နှံ့ခြင်းအတွက် ကာကွယ်ရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ 

And just like any #ootd masks comes in different design, color, and types.  But did you know that the ones with breathing valves, are not really efficient in keeping you protected. 

အရောင်၊ ဒီဇိုင်း ၊ ပုံစံ အမျိုးမျိုးနဲ့ #ootd mask တွေကိုလည်း မြင်တွေ့ရမှာပါ။ ဒါပေမယ့် အသက်ရှူပေါက်ပါဝင်တဲ့ mask တွေက ရောဂါပိုးကိုကာကွယ်ရာမှ ထင်သလောက် အကျိုးမရှိပါဘူး။ 

At first glance, masks with breathing valves look and feel superior to your regular cloth or surgical masks, but they actually fall short in protecting you from COVID-19. While its one-way valve that lets your exhaled air pass through a small filter attached to the mask enables you to breathe comfortably, it also allows easier transmission of the virus to others.

မြင်မြင်ချင်းမှာတော့ လေရှူပေါက်ပါတဲ့ mask တွေက အခြား ခွဲစိတ်ခန်းသုံး mask  တွေနဲ့ အဝတ် mask တွေထက် အမြင်လှတယ်ဆိုပေမယ့် CVOID -19 ကို ကာကွယ်တဲ့နေရာမှာတော့ ထိရောက်တဲ့အကျိုးကျေးဇူးတွေ မပေးနိုင်ပါဘူး။ ရှူထုတ်လိုက်တဲ့လေတွေက mask မှာ တွဲပါတဲ့ သေးငယ်တဲ့ကြားခံဧရိယာကိုဖြတ်သန်းသွားရတဲ့အတွက် အသက်ရှူရမှာ သက်သောင့်သက်သာ မရှိဘူးလို့ ခံစားရပါတယ်။ ဒါ့အပြင် ပြင်ပက ရောဂါပိုးမွှားတွေကိုလည်း အလွယ်တကူဖိတ်ခေါ်နေသလို ဖြစ်စေမှာပါ။ 

The whole point of a mask is not only to avoid inhaling particles that may have the virus, but it’s also to prevent yourself from releasing particles from your mouth and nose into the air in case you’re an asymptomatic carrier. A face mask with a breathing valve defeats one of the main purposes of wearing a mask in the first place—to protect others from getting infected, too.

Mask တပ်ခြင်းရဲ့ အဓိကရည်ရွယ်ချက်က ပြင်ပက ရောဂါပိုးပါတဲ့လေတွေကို မရှူရှိုက်မိဖို့အပြင် ကိုယ်က ရောဂါပိုးသယ်ဆောင်သူဖြစ်နေခဲ့ရင် ကိုယ့်ရဲ့ ပါးစပ်၊ နှာခေါင်း စတဲ့ကိုယ်အင်္ဂါကနေတဆင့် ပြင်ပကို ရောဂါပိုးတွေပျံ့မသွားအောင် ကာကွယ်ဖို့ဖြစ်ပါတယ်။ လေရှူပေါက်ပါတဲ့ mask တွေက အခြားလူတွေ ကူးစက်မခံရအောင်ကာကွယ်ခြင်း ဆိုတဲ့ အရေးကြီးတဲ့ရည်ရွယ်ချက်ကို ချိုးဖျက်နေပါတယ်။ 

Several hospitals have also echoed similar sentiments and released memos regarding the use of face masks with breathing valves. According to a Facebook post by The Medical City Clinic, “While masks with valves are designed to ease exhalation and decrease humidity for the wearer, they do not block transmission of COVID-19 because they allow exhaled air and droplets to escape.” 

ဆေးရုံတွေကလည်း လေရှူပေါက်ပါတဲ့ mask တွေ အသုံးပြုခြင်းနဲ့ပက်သက်ပြီး သတိပြုစရာတွေကို ထပ်ခါတလဲလဲ သတိပေးနေကြပါတယ်။ “လေရှူပေါက်ပါတဲ့ mask တွေဟာ အသက်ရှူထုတ်ရာမှာ အဆင်ပြေစေပြီး ဝတ်ဆင်သူအတွက် စိုထိုင်းဆလျော့နည်းအောင် ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် COVID – 19 ပျံ့နှံ့မှုကို မကာကွယ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရှူထုတ်လိုက်တဲ့လေတွေကို ပြင်ပကို ပျံ့နှံ့သွားစေလို့ပါ။” လို့ The Medical City Clinic က ၎င်းတို့ရဲ့ facebook မှာ အသိပေးခဲ့ပါတယ်။ 

Article originally from cosmo.com and minor revisions were done by OOTDMYANMAR.

cosmo.com တွင် ဖော်ပြထားသောအကြောင်းအရာကို OOTDMYANMAR မှ အယ်ဒီတာများက အနည်းငယ် ပြင်ဆင်ဖြည့်စွက်ထားပါသည်။

PS “Check out our latest mask design to keep you safe and stylish” 

အချစ်တို့ကို ဘေးကင်းပြီး စတိုင်ကျလှပနေစေမယ့် OOTD ရဲ့ နောက်ဆုံးပေါ် mask design တွေကို ကြည့်ကြည့်ပါဦး။

Categories
Fashion

NEW OOTDMYANMAR-EZINE ISSUE IS UP!

OOTDMYANMAR-EZINE ရဲ့ အပိုင်းသစ်ထွက်လာပါပြီ !

Hello, loves! How are you doing? We hope you are still fighting through all of these challenges. We may hear a lot of bad news about the effects of COVID-19 in our country I know you are also tired of this.

မင်္ဂလာပါ အချစ်တို့ရေ ! အားလုံးနေကောင်းကြရဲ့လား။ အားလုံးလည်း ဒီကာလမှာကြုံလာသမျှတွေကို အကောင်းဆုံး ရင်ဆိုင်ဖြတ်ကျော်နေမယ်လို့မျှော်လင့်ပါတယ်။ ဒီနိုင်ငံမှာ COVID-19 နဲ့ပက်သက်ပြီး သတင်းဆိုးတွေ အတော်များများကြားနေရလို့ အားလုံးလည်းစိတ်ပင်ပန်းနေကြပြီထင်ပါတယ်။

So, we are giving you a good news! New issue is up!

အဲ့ဒါကြောင့် OOTD က အားလုံးကို သတင်းကောင်းလေးတစ်ခုပေးချင်ပါတယ်။ အဲ့ဒါကတော့ OOTD ရဲ့ မဂ္ဂဇင်း အပိုင်းသစ်ထွက်ရှိလာတဲ့အကြောင်းပဲဖြစ်ပါတယ်။

It stars Hsu Pyae Nandar a sublime influencer based in Yangon.

ဒီအပိုင်းသစ်မှာ ရန်ကုန်မြို့အခြေစိုက် Influencer Hsu Paye Nandar က ပါဝင်ကူညီ အားဖြည့်ပေးထားပါတယ်။

You can read the issue here:

မဂ္ဂဇင်း ကို ဒီမှာဖတ်ရှုနိုင်ပါတယ် :

Download it for free at :

ဒီမှာ download လုပ်နိုင်ပါတယ် :

https://www.dropbox.com/s/m9wa71c1q5kqvzh/2020%20September-November%20OOTD%20MYANMAR%20e-ZINE%20.pdf?dl=0

PS. Don’t forget to tag us when you download or read this issue!

PS. မဂ္ဂဇင်း ကို download လုပ်ပြီး၊ ဖတ်ရှုပြီးပြီဆိုရင်တော့

OOTDMYAMAR ကို tag တွဲဖို့မမေ့ပါနဲ့နော်။

Much love, OOTDMYANMAR

အချစ်များစွာဖြင့် OOTDMYANMAR

Categories
Fashion

5 CLASSIC PRADA BAGS THAT WILL NEVER BE OUT OF STYLE

ဘယ်တော့မှရိုးမသွားမယ့် Prada ရဲ့ Classic အိတ် ၅ မျိုး

Established by brothers Mario and Martino Prada in 1913, the brand first created leather goods like trunks and handbags before achieving huge commercial success with Miuccia Prada’s nylon backpacks in 1979.

What sets Prada apart from other brands  are the wearability, functionality, and durability of its bag designs. 

Mario နဲ့ Martino Prada ညီအစ်ကိုနှစ်ဦးက ၁၉၁၃ ခုနှစ်မှာ Prada ကို တည်ထောင်ခဲ့ပြီး သားရည်နဲ့ပြုလုပ်ထားတဲ့ လက်ဆွဲသေတ္တာနဲ့ လက်ဆွဲအိတ်တွေကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ ၁၉၇၉ ခုနှစ်မှာတော့ Miuccia Prada ရဲ့ နိုင်လွန်ကျောပိုးအိတ်က ဈေးကွက်ထဲမှာ အောင်မြင်မှုကြီးကြီးမားမား ရရှိခဲ့ပါတယ်။ 

Prada ရဲ့ အိတ်ဒီဇိုင်းတွေက သုံးပျော်တယ်၊ ဖက်ရှင်ကျပြီး အကြမ်းခံတဲ့အတွက် အခြားတံဆိပ်တွေထက်ထူးခြားနေရခြင်းဖြစ်ပါတယ်။ 

If you want to invest in your own Prada piece, here are classic designs—both old and new—that you can never go wrong with:

Prada အိတ်တစ်လုံးဝယ်ယူဖို့ စိတ်ကူးနေတယ်ဆိုရင်တော့ ဒီဇိုင်းအဟောင်းနဲ့အသစ်တွေထဲက ဘယ်တော့မှရိုးမသွားတဲ့ classic ဒီဇိုင်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

  1. GALLERIA
Medium Saffiano Leather Galleria Bag, $2690, PRADA, prada.com

2. RE-EDITION NYLON MINI BAG

Re-Edition 2000 Nylon Mini Bag, $775, PRADA, prada.com

3. NYLON TOTE BAG

Nylon Tote Bag, $1290, PRADA, prada.com

4. DIAGRAMME BAG

Medium Leather Diagramme Bag, $2450, PRADA, prada.com

5. MONOCHROME SAFFIANO LEATHER BAG

Small Saffiano Leather Prada Monochrome Bag, $2200, PRADA, prada.com
Categories
international

CAMERON DIAZ: WHY SHE QUIT ACTING

သရုပ်ဆောင်လောက ကနေ အမှန်တကယ် အနားယူလိုက်ပြီဖြစ်တဲ့ Cameron Diaz 

Cameron Diaz, the star of instant classics like My Best Friend’s Wedding, The Other Woman, Charlie’s Angels, and Shrek, sat down for a video chat with Gwyneth Paltrow and revealed the real reason she quit acting.

My Best Friend’s Wedding, The Other Woman, Charlie’s Angels နဲ့ Shrek စတဲ့ ရုပ်ရှင်ကားကောင်းတွေရဲ့နာမည်ကျော်မင်းသမီးဖြစ်တဲ့ Cameron Diaz က သူမ ရုပ်ရှင်လောက ကနေ အနားယူလိုက်တဲ့အကြောင်းအရင်းကို မင်းသမီး Gwyneth Paltrow နဲ့ video chat မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

Cameron Diaz spoke to Gwyneth Paltrow about the real reason she quit acting.

Cameron Diaz spoke က Gwyneth Paltrow ကို သူမ သရုပ်ဆောင်အဖြစ်ကနေ နှုတ်ထွက်လိုက်တဲ့ အကြောင်းပြချက်အစစ်အမှန်ကို ဖွင့်ဟပြောပြခဲ့ပါတယ်။ 

She told Gwyneth:

“It’s a strange thing to say, I know a lot of people won’t understand it, I know you understand it, but it was so intense to work at that level and be that public and put yourself out there. There’s a lot of energy coming at you at all times when you’re really visible as an actor and doing press and putting yourself out there.”

“ပြောရမှာ နည်းနည်းတော့ထူးဆန်းနေလိမ့်မယ်။ လူအတော်များများကတော့ နားလည်ကြမှာ မဟုတ်ပေမယ့် မင်းကတော့နားလည်မယ်ဆိုတာ ငါသိတယ်။ ဒီအနေအထားနဲ့ လူတွေကြားထဲမှာ လူလုံးထွက်ပြရမှာ၊ သွားလာနေထိုင်ရမှာက တစ်ကယ်ကိုခက်ခဲတယ်။ လူတွေက ကိုယ့်ကို သရုပ်ဆောင်တစ်ယောက်လို့ သိမြင်ထားတဲ့အတွက် အာရုံစိုက်မှုတွေက ဘက်ပေါင်းစုံကနေ အချိန်တိုင်းလာနေတဲ့အပြင် ပရိတ်သတ်နဲ့အမြဲမပြတ်ထိတွေ့ဖို့ ပွဲတွေတက်နေရတယ်။” လို့ Cameron  က Gwyneth ကို ရင်ဖွင့်ခဲ့ပါတယ်။ 

When she made the decision to quit for good, Cameron described feeling “a peace in my soul because I finally was taking care of myself.” She added, “I had been going so hard for so long, working, making films, it’s such a grind. I didn’t make any space for my personal life.”

Cameron က အပြုသဘောနဲ့ဒီဆုံးဖြတ်ချက်ကိုချခဲ့ပြီးတဲ့အချိန်မှာတော့ သူမရဲ့ခံစားချက်ကို အခုလိုဖော်ပြခဲ့ပါတယ်။ “ ကျွန်မစိတ်ဝိဉာဉ်က အရမ်းကိုငြိမ်းချမ်းနေပါတယ်။ နောက်ဆုံးတော့ ကျွန်မကိုယ်ကျွန်မ ကောင်းကောင်းဂရုစိုက်နိုင်ပြီ။” ဒါ့အပြင် “ကျွန်မ အချိန်အတော်ကြာကြာ ပြင်းပြင်းထန်ထန်ကြိုးစားခဲ့တယ်။ အလုပ်တွေလုပ်တယ်၊ ရုပ်ရှင်တွေရိုက်တယ် ၊ ပုံမှန်လုပ်ရိုးလုပ်စဉ်တွေပါပဲ။ ကျွန်မရဲ့ကိုယ်ပိုင်ဘဝကိုဂရုစိုက်ဖို့ အချိန်အလုံအလောက် မပေးခဲ့မိဘူး” လို့ ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။ 

Now, Cameron is focused on the health and wellness industry, her just-released organic wine brand, Avaline, and her family, of course. Cameron and Benji Madden recently welcomed a baby girl named Raddix, and she’s gushed that motherhood is “the best, best, best part of my life.”

လက်ရှိအချိန်မှာတော့ Cameron က ကျန်းမာပျော်ရွှင်တဲ့ဘဝ၊ သူမ မကြာသေးခင်ကမှ ထုတ်လုပ်လိုက်တဲ့ Organic ဝိုင် အမျိုးအစားဖြစ်တဲ့ Avaline နဲ့ သူမရဲ့မိသားစု အရေးတွေကိုပဲ အလေးပေးအာရုံစိုက်ဖြစ်နေပါတယ်။ Cameron နဲ့ Benji Madden က မကြာသေးခင်ကပဲ ချစ်စရာသမီးလေး Raddix ကို မွေးဖွားခဲ့ပါသေးတယ်။ မိခင်ဖြစ်ရခြင်းက သူမဘဝရဲ့ အကောင်းတကာ့အကောင်းဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။

Categories
Collaboration Fashion

08 MINIMALIST OUTFITS THAT WILL LOOK CHIC NO MATTER WHAT

ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် အထာကျနေစေမယ့် Minimalist Outfit များ 

The minimalist trend began in the 1990s. In that time, comfy silhouettes in nude, black, and white dominated!

 ၁၉၉၀ ခုနှစ်လောက်မှာ Minimalist တွေ စတင်ခေတ်စားလာတာပါ။ အဲ့ဒီကာလမှာဆိုရင် အညိုဖျော့ဖျော့ အရိပ်ဆင်လေးတွေ၊ အနက်နဲ့ အဖြူရောင်တွေက လူကြိုက်များပါတယ်။ 

And this style obviously lives on until now. Why? It requires little yet provides huge classy impact.

အဲ့ဒီ ဒီဇိုင်းတွေကို အခုချိန်ထိ ရွေးချယ်ဝတ်ဆင်နေကြတုန်းပါပဲ။ 

ဘာကြောင့်လဲဆိုတော့ များများစားစားရွေးချယ်ဝတ်ဆင်စရာမလိုပဲ အထက်တန်းကျတဲ့အမြင်ကို ဖော်ဆောင်ပေးနိုင်လို့ပါ။ 

So, whether you’re a minimalist or you’re looking for outfits inspos, we’ve rounded up 8 minimalist outfits you could try any for an effortless look.

ကိုယ်က Minimalist ဖက်ရှင်ကိုသဘောကျသူ ဒါမှမဟုတ် ကိုယ့်ဝတ်စုံအတွက် အကြံဥာဏ်လိုချင်သူတွေအတွက် Minimalist outfit ၈ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ 

1. Go nude (အညိုဖျော့ဖျော့)

Left photo via Pinterest. Right photo via @msenglu wearing @mdsmyanmar

2. Match a black dress with leather accessories (အနက်ရောင်ဝတ်စုံနဲ့ leather accessories )

Left photo via @ootdmyanmar wearing @mdsmyanmar. Center photo via @pinterest. Right photo via @mdsmyanmar

3. Black skirt and a white button down (အနက်ရောင်စကပ် နဲ့ ကြယ်သီးပါတဲ့ အဖြူရောင်ရှပ်)

Left and right photo via @mdsmyanmar. Center photo via @pinterest.

4. Casual black top + khaki trouser (ပေါ့ပေါ့ပါးပါးအင်္ကျီအနက် နဲ့ ကာကီဘောင်းဘီ )

Left and right photo via @mdsmyanmar. Center photo via @pinterest.

5. Jeans + Cardigan (ဂျင်း နဲ့ အပေါ်ထပ်)

Left via @mdsmyanmar. Right photo via @pinterest.

6. LBD with a blazer (LBD နဲ့ ဘလေဇာ)

Left and right photo via @mdsmyanmar. Center photo via @pinterest.

7. White tee & pair of jeans (တီရှပ်အဖြူ နဲ့ ဂျင်း)

Left photo via @pinterest. Right photo via @mdsmyanmar

8. Grey and denims (မီးခိုးရောင် နဲ့ ဂျင်း)

Left and center photo via @mdsmyanmar. Left photo via @pinterest.

PS sure to catch MDSMyanmar’s live this coming Wednesday October 2 at 730PM. And get the chance to score the staple pieces for your minimalism vibe.

လာမယ့် ဗုဒ္ဓဟူးနေ့ ၊ အောက်တိုဘာ ၂ ရက်နေ့ ည 7:30 အချိန်မှာ ပြုလုပ်မယ့် MDS Myanmar ရဲ့ Live အစီအစဥ်ကိုစောင့်ကြည့်ဖို့မမေ့နဲ့နော်။  Minimalist vibe ကိုပေးစွမ်းမယ့်  အဝတ်အစားအသစ်လေးတွေက စောင့်ကြိုနေပါတယ်။

Categories
Collaboration health Lifestyle

5 SELF-CARE TIPS FOR BURMESE WOMEN WHO ARE SO BUSY

အလုပ်များတဲ့ မြန်မာအမျိုးသမီးတို့အတွက် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်နိုင်မယ့် အချက် ၅ ချက်

MDS MYANMAR မှ ရေးသားဖန်တီးသည်။

Do you always feel like 24 hours in a day is not enough? Being fully occupied with work or personal errands, many women find themselves constantly loaded, to the point where they no longer have the time to treat themselves.

တစ်နေ့တာအတွက် နာရီပေါင်း ၂၄ နာရီက ကိုယ့်အတွက်မလုံလောက်ဘူး လို့ ခံစားနေရပါသလား။ အလုပ်ကိစ္စ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် အမြဲလိုလိုမအားမလပ်ဖြစ်နေကြတဲ့အတွက် အမျိုးသမီးတွေဟာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့အချိန်တွေ လျော့နည်းလာကြပါတယ်။

Are you one of them? Put in mind that you are human and taking a pause to care for yourself shouldn’t be neglected. If your lifestyle is constantly on the go, make sure to insert self-care habits to avoid getting ‘burned out’. Here are some tips to squeeze in some ‘me’

time:သင်ကရော အဲ့ဒီအမျိုးသမီးတွေထဲက တစ်ယောက်ဖြစ်နေပြီလား။ ကိုယ့်ကိုယ်ကိုယ် လူသားတစ်ယောက်ဖြစ်တယ်ဆိုတာ အမြဲသတိချပ်ပါ။ မအားလပ်တဲ့အလုပ်တွေကနေ ခဏအနားယူပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ကိုလည်း မျက်ကွယ်မပြုပါနဲ့နော်။ ကိုယ့်ရဲ့နေထိုင်မှုပုံစံက အလုပ်တွေနဲ့ပဲ ပြည့်နေတယ်ဆိုရင်တော့ self-care လုပ်တတ်တဲ့အကျင့်လေးကို မွေးမြူသင့်ပါပြီ။ ဒါကြောင့် ကိုယ့်ရဲ့အချိန်တွေကို ကိုယ့်အတွက်ဘယ်လိုအသုံးချမလဲ ဆိုတဲ့ အကြံဉာဏ်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။

1. Enjoy your shower (ရေချိုးချိန်ကို ဇိမ်ရှိရှိအသုံးချပါ။)

Don’t rush your time in the shower. Make your shower routine a self-care time by adding in some special treats. This could be playing your favorite music, or using special towels or scents for your body.

ရေချိုးတဲ့အချိန်ကို မြန်မြန်ဆန်ဆန်အဆုံးမသတ်လိုက်ပါနဲ့။ ရေချိုးရင်း ကိုယ်နှစ်သက်တဲ့ သီချင်းနားထောင်မယ်၊ မျက်နှာသုတ်ပုဝါကောင်းကောင်းလေးသုံးမယ် ဒါမှမဟုတ် ခန္ဓာကိုယ်အတွက် ကိုယ်ကြိုက်တဲ့အမွှေးနံ့သာကိုသုံးမယ်။ အဲ့ဒီလိုနည်းလမ်းလေးတွေနဲ့ ရေချိုးတဲ့အချိန်ကို ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တဲ့အချိန်အဖြစ် အသုံးချနိုင်ပါတယ်။

2. Make meditation a part of your daily routine. (တရားထိုင်ခြင်းကို နေ့တဓူဝလုပ်ရိုးလုပ်စဉ်တစ်ခုလိုပြုလုပ်ပါ။)

Meditation is proven to have a special effect on a person’s well-being. If you want to give it a try, start with at least five minutes every morning, then slowly increase the time to 10 minutes. If you have difficulty concentrating your thoughts, you can download an application that can help you.

တရားထိုင်ခြင်းက က လူတစ်ယောက်ရဲ့ စိတ်ကို ကျန်းမာပျော်ရွှင်စေတယ်လို့ သက်သေသာဓကတွေ ရှိထားပါတယ်။ ဒီအကျင့်လေးကို စပြီးမွေးမြူချင်တယ်ဆိုရင်တော့ နံနက်ပိုင်းမှာ ငါးမိလောက် စပြီး တရားထိုင်ကြည့်ပါ။ ကျင့်သားရလာရင်တော့ တဖြည်းဖြည်းနဲ့ အချိန်ကို ၁၀ မိနစ်အထိ တိုးပြီးထိုင်ကြည့်ပါ။ စိတ်အာရုံစုစည်းဖို့ခက်ခဲနေတယ်ဆိုရင် တရားထိုင်ရာမှာ အကူအညီဖြစ်မယ့် application တွေသုံးကြည့်ပါ။

3. Enjoy your lunchtime. (နေ့လည်စာစားချိန်မှာ အပြည့်အဝအနားယူပါ။)

Step away from your computer or work desk and find an enjoyable dining spot in your office. You deserve to enjoy your break and besides you’ll be able to stretch your legs and let your eyes rest. You’ll be able to enjoy your food and go back to work with a fresher mood.

ကိုယ့်ရဲ့ကွန်ပျူတာရှေ့ ဒါမှမဟုတ် အလုပ်စားပွဲကနေ ခပ်ဝေးဝေးကိုသွားပြီး နေ့လည်စာစားလို့ကောင်းမယ့် နေရာကောင်းတစ်ခုကိုရှာပါ။ အနားယူချိန်ကို အပြည့်အဝအသုံးချဖို့ အခွင့်အရေးရှိပါတယ်။ ဒါ့အပြင် ခြေလက်ဆန့်ရင်း မျက်လုံးကိုလည်း အနားပေးရာရောက်ပါတယ်။ ဒါမှ နေ့လည်စာကို အရသာရှိရှိစားသုံးပြီး အလုပ်ပြန်လုပ်တဲ့အခါ စိတ်က လန်းဆန်းတက်ကြွနေမှာပါ။

4. Social media detox from time to time.(ဆိုရှယ်မီဒီယာရဲ့အဆိပ်အတောက်တွေကိုဖယ်ရှားပါ။)

Pausing from your social media once in a while will lessen your stress from all the noise and help you focus on important tasks to do.

တစ်ခါတလေ ဆိုရှယ်မီဒီယာကနေ ခေတ္တအနားယူခြင်းကလည်း စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေကနေဝေးကွာစေပြီး အရေးကြီးတဲ့အလုပ်တွေကို ပိုအာရုံစိုက်လာစေနိုင်ပါတယ်။

5. Treat yourself once in a while. (ကိုယ့်ကိုယ်ကိုယ် မကြာခဏဆုပေးပါ။)

If there is one person who deserves to be treated that is — YOU. Little treats like buying your favorite bubble tea or shopping a dress you love; as long as it makes you feel good. For example, if there is a sale why not grab the opportunity to treat yourself once in a while. You know you deserve it for working so hard.

ကျွေးမွေးဧည့်ခံဖို့ထိုက်တန်တဲ့လူတစ်ယောက်ရှိတယ်ဆိုရင်တော့ အဲဒါတစ်ခြားလူမဟုတ်ပါဘူး သင်ကိုယ်တိုင်ပါပဲ။ ကိုယ်ကြိုက်တဲ့ bubble tea ဝယ်သောက်တာ၊ ကိုယ်လိုချင်တဲ့ အဝတ်အစားတစ်စုံ ဝယ်တာ စတဲ့ ကိုယ့်ကိုပျော်ရွှင်စေမယ့်အရာမျိုးတွေကိုလည်း လုပ်ဆောင်သင့်ပါတယ်။ ဥပမာပြောရရင် – ပစ္စည်းတစ်ခု လျှော့ဈေးနဲ့ရတယ်ဆိုပါစို့၊ တစ်ခါတလေ ဒီလိုအခွင့်အရေးမျိုးကို ဆုပ်ကိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ဆုပေးသင့်ပါတယ်။ ကြိုးကြိုးစားစားလုပ်ဆောင်နေတဲ့သင့်အတွက် ဒီလိုအခွင့်အရေးမျိုးက ထိုက်တန်တယ်ပါတယ်။

PS If you are looking for the perfect OOTD for your self-care tips you can check this link for an easy online-fashion shopping.

Categories
Lifestyle

10 TATTOO AREAS IF YOU WANT TO KEEP IT

ဖွက်ထားလို့ရမယ့် တက်တူး ဧရိယာ ၁၀ ခု 

Some may want to show off their ink for the whole world to see, others might opt to hide it for some personal reasons. And if you are the type of person who opts to hide your tattoo, we have ideas for you!

တချို့က ကိုယ့်ရဲ့တက်တူးလေးတွေကို အားလုံးမြင်အောင်ပြချင်ကြပေမယ့် တချို့ကတော့ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်တွေကြောင့် ဖွက်ထားချင်တဲ့သူတွေလည်းရှိပါတယ်။

Here are 10 areas to get and hide your tattoo.

 အကယ်၍ ကိုယ်က တက်တူးတွေကို ဖွက်ထားချင်တဲ့လူတွေထဲက တစ်ယောက်ဆိုရင်တော့ OOTD က အကြံဉာဏ်အချို့ပေးပါရစေ။ အခုပြောပြပေးမှာကတော့ ကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ်မှာ တက်တူးတွေကို ဖွက်ထားလို့ရမယ့်နေရာ ဆယ်ခု အကြောင်းပါ။ 

#1 Chest  (ရင်ဘတ်)

#2 Lips (နှုတ်ခမ်းအတွင်းပိုင်း)

View this post on Instagram

meow @kendalljenner #jonboytattoo

A post shared by c/s ∴jon✞boy∴ p/v (@jonboytattoo) on

#3 Neck (လည်ပင်း)

#4 Underneath your finger (လက်ချောင်းအောက်)

#5 Side of your finger (လက်ချောင်းဘေး)

View this post on Instagram

Lariana 🖤 #jojochronicink

A post shared by J O J O 🖤 C H R O N I C I N K (@joannamroman) on

#6 Collarbone

View this post on Instagram

my favorite lil tat

A post shared by Hailey Baldwin Bieber (@haileybieber) on

#7 Side boob (နံကြား)

#8 Ear lobe (နားရွက်)

View this post on Instagram

하트 콕

A post shared by 미정원 타투 (@tattooist_mijeongwon) on

#9 Under your underwear line (Underwear line ရဲ့အောက်ဘက်)

#10 Above your breast  (ရင်ဘတ် အပေါ်နား)

View this post on Instagram

💙💜

A post shared by Mini Lau (@mini_tattooer) on

Categories
international

DEMI LOVATO IS ENGAGED!

On July 23, Demi Lovato announced her engagement to her boyfriend of less than a year, Max Ehrich. Rumors of their relationship started in March 2020, just before quarantine. 

Demi Lovato က သူမနဲ့ တစ်နှစ်နီးပါးလက်တွဲခဲ့တဲ့ချစ်သူ Max Ehrich နဲ့ စေ့စပ်ကြောင်းလမ်းလိုက်ပြီဖြစ်ကြောင်း ဇူလိုင်လ ၂၃ ရက်နေ့မှာ အားလုံးကို အသိပေးခဲ့ပါတယ်။  

On Instagram, Demi wrote, “When I was a little girl, my birth dad always called me his ‘little partner’—something that might’ve sounded strange without his southern cowboy like accent. To me it made perfect sense. And today, that word makes perfect sense again but today I’m officially going to be someone else’s partner.”

“ကျွန်မ ကလေးဘဝတုန်းက အဖေက ကျွန်မကို သူ့ရဲ့လက်တွဲဖော်လေး လို့ ခေါ်လေ့ရှိပါတယ်။ သူရဲ့ တောင်ပိုင်းသံဝဲနေတဲ့ ကောင်းဘွိုင်တွေလိုလေသံမျိုးနဲ့သာမဟုတ်ရင် ကြားရမှာတစ်မျိုးဖြစ်နေပါလိမ့်မယ်။ ကျွန်မအတွက်တော့ အဲ့ဒီအချိန်တွေက ပြီးပြည့်စုံစေခဲ့ပါတယ်။ အခု အဲ့ဒီပြီးပြည့်စုံတဲ့ခံစားမှုမျိုးကို ကျွန်မနောက်တစ်ခါ ပြန်ခံစားရပါပြီ။ ဒါပေမယ့် တစ်စုံတစ်ယောက်ရဲ့ လက်တွဲဖော်အဖြစ်နဲ့ပေါ့” လို့ Demi က သူမရဲ့ instagram မှာ ရေးသားခဲ့ပါတယ်။ 

To her new fiancee, she said, “I knew I loved you the moment I met you. It was something I can’t describe to anyone who hasn’t experienced it firsthand but luckily you did, too. I’ve never felt so unconditionally loved by someone in my life (other than my parents) flaws and all. You never pressure me to be anything other than myself. And you make me want to be the best version of myself. I’m honored to accept your hand in marriage. I love you more than a caption could express but I’m ecstatic to start a family and life with you. I love you forever my baby. My partner. Here’s to our future!!!!”

Demi က သူမရဲ့သတို့သားလောင်းကို ဒီလိုပြောခဲ့ပါသေးတယ်။ “ရှင့်ကို စတွေ့တဲ့အချိန်ကတည်း ချစ်မိသွားမှန်း ကျွန်မတပ်အပ်သိခဲ့ပါတယ်။ မြင်မြင်ချင်းမှာချစ်မိတဲ့ခံစားမှုမျိုးဟာ မခံစားဖူးသူတွေအတွက်တော့ ရှင်းပြရခက်နေပါလိမ့်မယ်၊ ဒါပေမယ့် ရှင်ကတော့ နားလည်ခဲ့တယ်။ ကျွန်မဘဝမှာ ကျွန်မရဲ့ အပြစ်အနာဆာတွေကို မျက်ကွယ်ပြုပြီး ကျွန်မကို အကြောင်းပြချက်မရှိချစ်ပေးတဲ့လူမျိုး ကျွန်မ မိဘကလွဲရင် မရှိခဲ့ပါဘူး။ ရှင်က ကျွန်မရဲ့အရှိအတိုင်းရှင်သန်နေဖို့ကလွဲပြီး တစ်ခြားလူတစ်ယောက်အဖြစ်နေထိုင်ဖို့ ဘယ်တုန်းကမှ ဖိအားမပေးခဲ့ဖူးဘူး။ ရှင်က ကျွန်မကို ကျွန်မရဲ့အကောင်းဆုံးပုံစံအဖြစ် ရှိနေစေချင်တာလေ။ ရှင့်လက်ကိုတွဲပြီး အိမ်ထောင်တစ်ခုထူထောင်ဖို့ ကျွန်မအလေးအနက်ထားပြီးလက်ခံပါတယ်။ စကားလုံးတွေနဲ့ ဖော်ပြနိုင်တာထက်ပိုပြီး ရှင့်ကိုချစ်ပါတယ်။ ရှင်နဲ့အတူ မိသားစုဘဝတည်ဆောက်ဖို့ကိုလည်း အရမ်းဝမ်းသာနေမိတယ်။ ကျွန်မ ရှင့်ကို အမြဲထာဝရချစ်နေမယ်။ ကျွန်မရဲ့ လက်တွဲဖော်ရေ…။ ကျွန်မတို့ရဲ့အနာဂါတ်ကို အတူသွားကြရအောင်။” 

Max posted about the happy occasion, too: “You are every love song, every film, every lyric, every poem, everything I could ever dream of and then some in a partner in life. Words cannot express how infinitely in love with you I am forever and always and then some. I cannot spend another second of my time here on Earth without the miracle of having you as my wife. Here’s to forever baby…”

Max က လည်း ပျော်ရွှင်စရာပွဲလေးအတွက် ဆိုရှယ်မီဒီယာမှာ ဒီလိုပြောခဲ့ပါသေးတယ်။ “ မင်းကငါ့ရဲ့ အချစ်သီချင်းတွေ၊ ရုပ်ရှင်တွေ၊ သီချင်းစာသားတွေ၊ အချစ်ကဗျာတွေ ၊ ငါမျှော်လင့်နိုင်သမျှအရာအားလုံးနဲ့ ငါ့ဘဝရဲ့ လက်တွဲဖော်ပါပဲ။ မင်းကို ကိုယ်ဘယ်လောက်ချစ်တယ်ဆိုတာ စကားလုံးတွေနဲ့တောင်ဖော်ပြလို့မရပါဘူး။ အမြဲတမ်း နဲ့ ထာဝရပါပဲ။ မင်းကို ကိုယ့်ရဲ့ချစ်ဇနီးအဖြစ်ပိုင်ဆိုင်ခွင့်မရဘဲ ဒီကမ္ဘာမှာ တစ်စက္ကန့်လေးတောင် မနေချင်ပါဘူး။ ထာဝရအတွက်ပါပဲ အချစ်ရေ…” 

Article originally appeared on Cosmo.ph and minor edits were done by OOTDMYANMAR editors

Cosmo.ph တွင်ဖော်ပြထားသောဆောင်းပါးကို OOTDMYANMAR အယ်ဒီတာများမှ အနည်းငယ် ပြင်ဆင်ဖြည့်စွက်ထားပါသည်။

Categories
international

GIGI HADID SHOWED HER BABY BUMP FOR THE FIRST TIME!

ကိုယ်ဝန်ကို ပထမဆုံးအကြိမ်အဖြစ် ပရိတ်သတ်တွေကို ပြသခဲ့တဲ့ GiGi Hadid 

Gigi Hadid has given her fans the first glimpse at her baby bump two months before her due date. The supermodel, who is expecting her first child with boyfriend Zayn Malik, hopped on Instagram Live on Wednesday night and showed off her belly as she revealed why she’s decided to remain private about her pregnancy.

Gigi Hadid က မီးဖွားရက်မတိုင်မီ နှစ်လ အလိုမှာ သူမရဲ့ကိုယ်ဝန်ကို ပရိတ်သတ်တွေကို ပထမဆုံးအကြိမ်အဖြစ် ပြသခဲ့ပါတယ်။ စူပါမော်ဒယ်တစ်ဦးဖြစ်တဲ့ Gigi က သူမရဲ့ချစ်သူ Zayn Malik ရဲ့ရင်သွေးကိုလွယ်ထားပြီဖြစ်တဲ့အကြောင်း ဗုဒ္ဓဟူးနေ့ ညက Instagram မှာ live လွှင့်ပြသရင်း ဒီကိစ္စကို ဘာကြောင့်ထိမ်ချန်ထားဖို့ဆုံးဖြတ်ခဲ့သလဲဆိုတာကိုပါ ထပ်လောင်းပြောပြခဲ့ပါတယ်။ 

Photo credits to Gigi Hadid’s Instagram

Addressing fans who said she didn’t look pregnant in her last Instagram Live, she lifted open her shirt to show off her growing bump. “There’s my belly, y’all. Like it’s there. It’s just from the front it’s different,” she laughed.

Gigi ရဲ့ instagram live မှာ ကိုယ်ဝန်ရှိနေမှန်းမသိသာဘူးဆိုတဲ့ fan တွေရဲ့ပြောကြားချက်ကို Gigi က သူမရဲ့အင်္ကျီကို မ, ပြီး ပူနေတဲ့ဗိုက်ကိုပြရင်း “ အားလုံးပဲ ဒါ ကျွန်မရဲ့ ဗိုက်ပါ။ ဒီမှာပါ။ ဒါ အရှေ့ဘက်ကနေပြထားတာ မတူပါဘူး” လို့ ရယ်ရယ်မောမော နဲ့ တုံ့ပြန်ခဲ့ပါတယ်။ 

Promoting her latest project with V magazine, The Gigi Journal: Part II , the model asked fans to send her questions ahead of the Q&A.

Gigi က V magazine နဲ့ Project ဖြစ်တဲ့  The Gigi Journal: Part II အကြောင်း promote လုပ်တဲ့အနေနဲ့ သူမရဲ့ပရိတ်သတ်တွေကို အမေးအဖြေကဏ္ဍအတွက် မေးခွန်းတွေပို့ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။ 

The 25-year-old also explained why she’s not been posting more about her pregnancy, continuing: “Obviously, I think a lot of people are confused why I am not sharing more but I am pregnant through a pandemic… obviously my pregnancy is not the most important thing going on in the world. That’s a reason that I felt like it’s not really something that I need to share apart with my family and friends.”

အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ Gigi က သူမရဲ့ကိုယ်ဝန်အကြောင်းကို ဆိုရှယ်မီဒီယာမှာ အများကြီးမဖော်ပြခဲ့တဲ့အကြောင်းကိုလည်း ရှင်းပြခဲ့ပါသေးတယ်။ “ တော်တော်များများက ကျွန်မရဲ့ကိုယ်ဝန်အကြောင်း ဘာကြောင့်ဒီထပ်ပိုပြီး မပြောပြခဲ့လဲဆိုတာ စဉ်းစားရကြပ်နေကြမယ်ထင်ပါတယ်။ ကျွန်မက ဒီကပ်ဆိုးကာလကြီးအတွင်းမှာ ကိုယ်ဝန်ရခဲ့တာလေ။ ကမ္ဘာတလွှားက ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေထဲမှာ ကျွန်မရဲ့ကိုယ်ဝန်က အရေးကြီးဆုံးကိစ္စမဟုတ်တာ အသိအသာကြီးပါ။ ဒါကြောင့် ဒီကိစ္စကို ကျွန်မရဲ့မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေကလွဲလို့ အခြားသူတွေကို အသိပေးဖို့မလိုအပ်ဘူးလို့ ခံစားရတဲ့အတွက် မပြောဖို့ဆုံးဖြတ်ခဲ့တာပါ။ ” လို့ Gigi က ဖြေရှင်းခဲ့ပါတယ်။  

She added that she’s been documenting her pregnancy journey for her nearest and dearest, but will share pictures with fans “in the future”.

ဒါ့အပြင် Gigi က ကိုယ်ဝန်ရှိမှန်းသိရတဲ့အချိန်ကစပြီး အခုအချိန်ထိ သူမချစ်ရတဲ့သူတွေအတွက်  မှတ်တမ်းတင်ထားခဲ့ကြောင်းနဲ့ အနာဂါတ်မှာ သူမရဲ့ ပရိတ်သတ်တွေကိုလည်း ပြသသွားမယ်လို့ ဆိုပါတယ်။ 

Gigi, who is thought to be due in September, confirmed her pregnancy in early May during an appearance on The Tonight Show Starring Jimmy Fallon. After Fallon congratulated her on the news following days of speculation, she said: “We’re very excited and happy and grateful for everyone’s well wishes and support.”

စက်တင်ဘာ လ မှာ မီးဖွားနိုင်ဖို့လျာထားတဲ့ Gigi က သူမ ရင်သွေးလေးလွယ်ထားရပြီဖြစ်တဲ့အကြောင်း မေလ မှာ ပြုလုပ်ခဲ့တဲ့ The Tonight Show မှာ Jimmy Fallon နဲ့အတူ ဖျော်ဖြေရင်း အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။ Fallon က သူမကို ဂုဏ်ပြုခဲ့ပြီးတဲ့နောက် Gigi က “ကျွန်မတို့ အရမ်းစိတ်လှုပ်ရှားပြီး အရမ်းလဲပျော်နေပါတယ်၊ အားလုံးရဲ့ ဆုတောင်းတွေ၊ အားပေးမှုတွေကြောင့် အရမ်းလဲ ဝမ်းသာရပါတယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။ 

We can’t wait to see the pictures when Gigi’s ready to share them.

Gigi share ပေးမယ့်ဓာတ်ပုံလေးတွေကို မြင်ရဖို့ မစောင့်နိုင်တော့ပါဘူး။ 

This article originally appeared on Cosmopolitan.com/uk. Minor edits have been made by the ootdmyanmar editors.

Cosmopolitan.com/uk. တွင်ဖော်ပြထားသောအကြောင်းအရာကို ootdmyanmar အယ်ဒီတာများမှ အနည်းငယ်ပြင်ဆင်ဖြည့်စွက်ထားပါသည်

Categories
Beauty Fashion Lifestyle

NEW WATCHLIST ON OUR YOUTUBE CHANNEL

OOTD MYANMAR ရဲ့ YOUTUBE CHANNEL က WATCHLIST အသစ်များ

Hello, loves! How is your July coming thru

?မင်္ဂလာပါ အချစ်တို့ရေ ! ဇူလိုင်လမှာ ဘာတွေကြုံတွေ့ဖြတ်သန်းခဲ့ရလဲ။ We hope you are still okay. But if you are bored, we have new videos up in our YouTube channel you can watch right now.

အချစ်တို့အားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်။ ပျင်းနေတဲ့သူလေးတွေကတော့ OOTD ရဲ့ You Tube Channel က ဗီဒီယိုအသစ်တွေကိုကြည့်ရှုနိုင်ပါတယ်။

Here are the videos:

Video တွေကို ဒီမှာ ကြည့်ရှုနိုင်ပါတယ်။

PS Please don’t forget to subscribe!

Subscribe လုပ်ပေးဖို့ မမေ့ပါနဲ့နော်။