Categories
international

MINZY JUST LAUNCHED HER OWN ENTERTAINMENT AGENCY,MZ ENTERTAINMENT

ကိုယ်ပိုင် MZ Entertainment ကုမ္ပဏီထူထောင်လိုက်တဲ့ Minzy 

In 2016, the K-pop idol left YG Entertainment and went on to be a solo artist under The Music Works agency. Three years later, she took legal action against the said agency after her request for the suspension of her exclusive contract was denied. In April this year, Minzy officially separated from The Music Works.

၂၀၁၆ ခုနှစ်မှာ K-pop idol Minzy က YG Entertainment ကနေ ထွက်ခွာခဲ့ပြီး Music Works agency အောက်မှာ တစ်ကိုယ်တော်လှုပ်ရှားမှုတွေပြုလုပ်ခဲ့ပါတယ်။ သုံးနှစ်ကြာပြီးတဲ့နောက် သူမရဲ့ စာချုပ်သက်တမ်း ဆိုင်းငံ့ပေးဖို့တောင်းဆိုမှုကို ပယ်ချခဲ့တဲ့အတွက် အေဂျင်စီ ကို တရားဝင်အရေးယူမှုပြုလုပ်ခဲ့ပြီး ဒီနှစ် ဧပြီလမှာတော့ Minzy က The Music Works နဲ့ တရားဝင်လမ်းခွဲခဲ့ပါတယ်။ 

According to Soompi, the “Superwoman” singer has established MZ Entertainment with management specialist Gong Soon Yong, who will act as the agency’s CEO. The two will lead the company in building a pool of talents, backed by Minzy’s 11 years of experience in the K-pop industry and Soon Yong’s 30 years of experience in the field of business. It is said that MZ entertainment will function as a dance school with a specialized training system.

Soompi ရဲ့ ဖော်ပြချက်အရ “Superwoman”  အဆိုတော် မင်ဇီ က MZ Entertainment ကို စတင်တည်ထောင်ခဲ့ပြီး စီမံခန့်ခွဲမှုပညာရှင် Gong Soon Yong က အေဂျင်စီ ရဲ့ စီအီးအို အဖြစ် တာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီနှစ်ဦး က ကုမ္ပဏီကို အဓိက ဦးဆောင်သွားမှာဖြစ်ပြီး Minzy ရဲ့ K-Pop လောက ၁၁ နှစ်တာ အတွေ့အကြုံတွေနဲ့ Soon Yong ရဲ့ နှစ်သုံးဆယ်ကြာ စီမံခန့်ခွဲမှု အတွေ့အကြုံတွေကို ပေါင်းစပ်ပြီး အနုပညာရှင်တွေကို ပျိုးထောင် မွေးထုတ်သွားမှာဖြစ်ပါတယ်။ MZ entertainment အနေနဲ့ အထူးလေ့ကျင်မှုတွေပါဝင်တဲ့ အကသင်တန်းကျောင်းအဖြစ် ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ 

The name MZ Entertainment is derived from the company’s goal to mold K-pop stars from the “millennium Z” generation. It aims to cultivate their potential and personalities, and support their future endeavors as artists. Minzy will also be under this agency while she promotes her solo activities.

ကုမ္ပဏီရဲ့ ရည်မှန်းချက်ဖြစ်တဲ့ “millennium Z” မျိုးဆက် က K-pop ကြယ်ပွင့်တွေကို မွေးထုတ်ပေးဖို့ အတွက် MZ Entertainment ဆိုတဲ့အမည်ကိုသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ လုပ်နိုင်စွမ်းတွေ၊ ကိုယ်ရည်ကိုယ်သွေးတွေကို ပြင်ဆင်ပျိုးထောင်ပေးဖို့၊ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်ချင်တဲ့သူတို့ရဲ့အနာဂါတ်တွေကို ကူညီထောက်ပံ့ပေးဖို့ အဓိကရည်ရွယ်ပါတယ်။ Minzy ကိုယ်တိုင်ကလည်း သူမရဲ့ တစ်ကိုယ်တော်လှုပ်ရှားမှုတွေကို သူမရဲ့အေဂျင်စီလက်အောက်မှာပဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ 

Minzy has recently appeared in a talk show with her fellow 2NE1 member, Sandara Park. She released her comeback single “Lovely” earlier this year, which she wrote as a message to herself and her fans.

Minzy က မကြာသေးခင် က 2NE1 ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Sandara Park နဲ့ talk show တစ်ခုမှာ ပါဝင်ခဲ့ပါသေးတယ်။ သူမရဲ့ comeback single ဖြစ်တဲ့ “Lovely” ကို ဒီနှစ်ရဲ့အစောပိုင်းမှာ ဖြန့်ချိခဲ့ပါတယ်။ အဲ့ဒီသီချင်းကတော့ သူမ နဲ့ သူမရဲ့ချစ်ပရိတ်သတ်တွေကို message လေးပေးပို့ထားတာပဲဖြစ်ပါတယ်။ 

Article translated from cosmo.ph

cosmo.ph မှ ဆောင်းပါးကို ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။