Categories
Collaboration health

4 FEEL-GOOD RECOMMENDATIONS IF YOU’VE BEEN EXTRA STRESS LATELY

လတ်တလောမှာ စိတ်ဖိစီးမှုခံစားနေရသူတွေအတွက် စိတ်ချမ်းသာစေမယ့် နည်းလမ်းကောင်းများ 

Yun Ei မှ ရေးသားထားပါသည်။ 

Remember, It’s okay to put yourself first! While it’s acceptable to worry about important things like family and career, we also need to check ourselves if we feel like taking a break! Besides, you deserve to relax and treat yourself. Here are some feel-good tips:

ကိုယ့်ကိုယ်ကိုယ်ဦးစားပေးဖို့ အဆင်ပြေတဲ့အကြောင်း သတိရပါ။ ကိုယ့်ရဲ့မိသားစု၊ အလုပ်နဲ့ပက်သက်တဲ့ အရေးကြီးကိစ္စတွေကို စိုးရိမ်ပူပန်တာက လက်ခံနိုင်စရာကိစ္စဖြစ်ပေမယ့် ဘယ်အချိန်မှာ အနားယူဖို့လိုအပ်နေပြီဆိုတာကိုလည်း သိဖို့လိုပါတယ်။ ဒါ့အပြင် လူတိုင်းက ကိုယ့်ကိုယ့်ကိုယ် ဦးစားပေးပြီး ကောင်းကောင်းမွန်မွန်အနားယူဖို့လည်း ထိုက်တန်ပါတယ်။ ဒါကြောင့် စိတ်ချမ်းသာစေမယ့် နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။ 

1. Do social media detox. (Social media detox လုပ်ပါ။ )

Photo Credits @yunnei21

Reading the news can make you feel stressed. Though it’s okay to stay updated with current events, scrolling  through your feed may be bad for your mental health.  On the bright side, going offline will give you time to have fun like reading a book, drinking coffee, or walking in the park.

သတင်းတွေဖတ်တာက စိတ်ညစ်စရာတွေဖြစ်ပေါ်စေပါတယ်။ လက်ရှိဖြစ်ပျက်နေတဲ့ကိစ္စတွေကို အချိန်နဲ့တပြေးညီသိထားတာကောင်းပေမယ့် newsfeed ကို တစ်ချိန်လုံးကြည့်နေတာက ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင် ဆိုရှယ်မီဒီယာကနေခဏအနားယူလိုက်တာက စာဖတ်ဖို့၊ ကော်ဖီသောက်ဖို့ ဒါမှမဟုတ် လမ်းလျှောက်ထွက်ဖို့အတွက် အချိန်တွေပိုလာပါလိမ့်မယ်။ 

2. Listen to some music. (သီချင်းနားထောင်ပါ။)

Photo Credits @yunnei21

While doing work, you can de-stress with your feel-good music playing in the background. 

အလုပ်လုပ်နေတုန်း ကိုယ်ကြိုက်တဲ့သီချင်းလေးတွေဖွင့်ထားပြီး စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ပါတယ်။

3. Shop for your essentials. (လိုအပ်တဲ့ပစ္စည်းလေးတွေဝယ်ပါ။)

Photo Credits @yunnei21

Online shopping can be so therapeutic! Remember treating yourself is an act of self-love. But you still need to consider how much you’re spending. It helps to prioritize the things you really need.

အွန်လိုင်းကနေဈေးဝယ်တာက စိတ်အပန်းပြေစေပါတယ်။ ကိုယ်ဖြစ်ချင်တာတွေကို လုပ်ပေးခြင်းကလည်း ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့အပြုအမူဆိုတာ သတိရပါ။ ဒါပေမယ့် ဘယ်အတိုင်းအတာထိသုံးမယ်ဆိုတာကိုတော့ သေချာချင့်ချိန်ရပါမယ်။ အဲ့ဒါက ကိုယ်တစ်ကယ်လိုအပ်တဲ့အရာတွေကို ဦးစားပေးဖို့ အထောက်အကူဖြစ်စေပါတယ်။ 

4. Eat at your favorite restaurant or order. (ကိုယ်အကြိုက်ဆုံးဆိုင်မှာစားပါ ဒါမှမဟုတ် မှာစားပါ။ )

Photo Credits @yunnei21

Having the time to eat your favorite meal can be a treat. While some of the restaurants may be closed you can opt your favorite food by ordering online.

ကိုယ်ကြိုက်တဲ့အစားအသောက်တွေ ဝယ်စားတာကလည်း ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းမွန်မွန်ဆက်ဆံခြင်းပါပဲ။ တချို့ဆိုင်တွေကပိတ်ထားပေမယ့် ကိုယ့်ရဲ့ အကြိုက်ဆုံးအစားအသောက်တွေကို မှာစားလို့ရပါသေးတယ်။

Categories
Lifestyle Uncategorized

5 WAYS TO REDECORATE IF YOU HAVE A SMALL BEDROOM

အိပ်ခန်းကျဉ်းလေးကို ပိုင်ဆိုင်ထားသူတွေအတွက် အိပ်ခန်းအလှဆင်နိုင်မယ့် နည်းလမ်း (၅) မျိုး


Without a doubt your bedroom is the first thing you’d want to redecorate why?—this is the place where you spend most of your time at home. But redecorating a tiny bedroom is difficult but here are a few upgrading tips you can try:
အခန်းတွေအလှဆင်တော့မယ်ဆိုရင် ကိုယ့်ရဲ့အိပ်ခန်းကို ပထမဆုံးပြင်ချင်ကြတာတော့ သံသယဖြစ်စရာမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အိမ်မှာနေရင်း ကိုယ့်ရဲ့အချိန်တွေအများစုကို အိပ်ခန်းထဲမှာပဲ ကုန်ဆုံးကြလေ့ရှိလို့ပါ။ အိပ်ခန်းကျဉ်းလေးကို အလှပြန်ဆင်ရတာ အခက်အခဲတွေရှိနိုင်ပေမယ့် စမ်းကြည့်လို့ရမယ့် နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။


1. Repaint the wall behind your bed’s headboard. (ကိုယ့်အိပ်ယာရဲ့အနောက်က headboard ကို ဆေးရောင်အသစ်ပြန်သုတ်ပါ။)

2. Change your overhead lamp/s. (ညကြည့်မီးအိမ်ကို အသစ်ပြောင်းပါ။)

3. Invest in storage you can easily hide or blend with your décor. (တတ်နိုင်သမျှ နေရာလွတ်ကို ကျစ်လစ်အောင်ထားပါ (သို့) တစ်ကိုယ်ရေသုံးပစ္စည်းတွေကို အလှဆင်တဲ့ ပစ္စည်းတွေနဲ့ သဟဇာတဖြစ်အောင်ထားပါ။)

4. Add Greens (အခန်းတွင်းမှာစိုက်လို့ရတဲ့ အပင်တွေထားပါ။)

5. Buy curtains and bed sheets that match your room’s theme. (ကိုယ့်အခန်းနဲ့လိုက်ဖက်တဲ့ အိပ်ရာခင်းတွေ၊ လိုက်ကာတွေဝယ်ပါ။)

Categories
health

ACTRESS PHWAY OO: THE PLANT MOMMY TO LOVE

ချစ်စရာကောင်းတဲ့ Plant Mommy လေး ဖွေးဖွေး

Photo credits @phwayoopsie

Indoor plants don’t just look good, they make us feel good mentally and physically, too. 

That’s why no wonder, Burmese Actress — Phway Oo becomes a plant mommy.

Did you also know that :

Indoor plant တွေက အိမ်တွင်းအလှဆင်ရုံသက်သက်မဟုတ်ဘဲ စိတ်ရော ကိုယ်ပါ ကောင်းမွန်တဲ့ခံစားမှုကို ရရှိစေပါတယ်။  ဒါကြောင့် ဖွေးဖွေး တစ်ယောက် plant mommy ဖြစ်လာတာလဲမဆန်းပါဘူးနော်။ 

Photo credits @phwayoopsie

Studies have shown indoor plants: (according to thesill.com)

  • Boost mood, productivity, concentration and creativity (စိတ်ခံစားမှု၊ ထုတ်လပ်မှုစွမ်းရည်၊ အာရုံစူးစိုက်မှု နဲ့ ဖန်တီးနိုင်မှုစွမ်းအားတွေမြှင့်တင်ပေးတယ်။)
  • Reduce stress, fatigue, sore throats and colds (စိတ်ဖိစီးမှု၊ မောပန်းနွမ်းနယ်မှု၊ လည်ချောင်းနာခြင်းနဲ့ အအေးမိခြင်းတွေကို လျှော့ချပေးတယ်။)
  • Clean indoor air by absorbing toxins, increasing humidity and producing oxygen (အိမ်တွင်းက အဆိပ်အတောက်တွေကိုစုပ်ယူပြီး လေကိုသန့်စင်ပေးတယ်၊ စိုထိုင်းဆကို မြှင့်ပေးပြီး အောက်ဆီဂျင်တွေ ထုတ်ပေးတယ်။)
  • Add life to a sterile office, give privacy and reduce noise levels (ညည်းငွေ့စရာကောင်းတဲ့ရုံးခန်းတစ်ခုကို အသက်ဝင်သွားစေတယ်၊ အနှောက်အယှက်မရှိဘဲ ဆိတ်ငြိမ်တဲ့ပတ်ဝန်းကျင်ကို ရရှိစေတယ်။ )
  • Are therapeutic and cheaper than a therapist (အပင်တွေက ကျန်းမာရေးအတွက် ကုထုံးတစ်ခုဖြစ်သလို ရောဂါကုထုံးပညာရှင်တွေထက်လဲ ဈေးသက်သာပါတယ်။)
Photo credits @phwayoopsie
Categories
health

CAN PLANTS HELP YOU FEEL SAFE?

အပင်တွေကြောင့် ကိုယ့်ကိုယ်ကိုယ်လုံခြုံတယ်လို့ ခံစားရစေသလား

“There’s a lot of evidence now about how two hours a week in a green space can lift mood—and then that too has physical, mental, and emotional benefits,” explained Dr. Philippa James of Manchester. 

တစ်ပတ်မှာနှစ်နာရီခန့် အစိမ်းရောင်ဧရိယာမှာ (အပင်တွေနဲ့) အချိန်ကုန်ဆုံးခြင်းက ရုပ်ပိုင်းဆိုင်ရာ၊  စိတ်ပိုင်းဆိုင်ရာ နဲ့ စိတ်ခံစားချက်တွေအတွက် အကျိုးအမြတ်တွေရရှိနိုင်တဲ့အကြောင်း သက်သေသာဓကတွေ မြောက်များစွာတွေ့ရှိနေပါပြီ လို့ Manchester မှ Dr. Philippa James က ပြောကြားခဲ့ပါတယ်။ 

Photo credits @ootdmyanmarstore

There have already been cases in Scotland and Canada (Stating that time spent in the great outdoors has been shown to reduce blood pressure, heart rate, and the stress hormone cortisol, as well as improving measures of psychological health. Hospital patients given views of nature recover faster.) of doctors recommending that patients simply go out into nature to improve their mood and health.

လေကောင်းလေသန့်ရပြီး ကျယ်ဝန်းတဲ့နေရာမှာ နေထိုင်ခြင်းက သွေးဖိအား၊ နှလုံးခုန်နှုန်းနဲ့ စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေကို လျှော့ချပေးနိုင်တဲ့အပြင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို လည်း မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဆေးရုံမှာ သဘာဝပတ်ဝန်းကျင်နဲ့ မြင်ခွင့်၊ ထိတွေ့ခွင့်ရတဲ့ လူနာတွေက ပိုပြီး မြန်မြန်ဆန်ဆန် နာလန်ထူလာကြကြောင်းကိုလည်း အခိုင်အမာ ဖော်ပြထားပါတယ်။ ဒါကြောင့် စကော့တလန် နဲ့ ကနေဒါ က ဆရာဝန်တွေက လူနာတွေရဲ့ ကျန်းမာရေး နဲ့ စိတ်အခြေအနေကို မြှင့်တင်ဖို့အတွက် အပြင်ထွက်ဖို့ အကြံပေးကြပါတယ်။ 

Photo Credits @ootdmyanmarstore

After all, as Dr. Ruth Bromley, chair of Manchester Health and Care Commissioning, said, “So much of what keeps people happy and well isn’t medical.”

 “ဆေးပညာ မဟုတ်ဘဲ လူတွေကို ပျော်ရွှင်မှုပေးနိုင်တဲ့အရာတွေအများကြီးရှိပါတယ်” Manchester Health and Care Commissioning ရဲ့ အကြီးအကဲဖြစ်သူ Dr. Ruth Bromley က လို့  ဆိုခဲ့ပါတယ်။ 

Article orignally appeared on cosmopolitan.com and minor revisions were made.

cosmopolitan.com တွင် ဖော်ပြခဲ့သော အကြောင်းအရာကို အနည်းငယ် ပြင်ဆင်ဖြည့်စွက်ထားပါသည်။

Categories
health

4 BAD COOKING HABITS TO UNLEARN

ရှောင်ကျဉ်သင့်တဲ့ ဟင်းချက်နည်းအမှားများ 

You may not be the best cook in the world but you are trying — that’s what is “important”.  Since, we want you to improve and level up with your cooking skills — here are some habits you shouldn’t learn. 

ကမ္ဘာပေါ်မှာ ဟင်းချက်အတော်ဆုံးလူသားမဟုတ်ပေမယ့် ကိုယ့်ဟင်းလက်ရာကို အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားနေကြသူချည်းပါဘဲ။ အဲ့ဒါကလည်း အရေးကြီးပါတယ်။ အားလုံးရဲ့ ဟင်းချက်တဲ့အရည်အသွေးကို တဆင့်မြှင့်ပေးချင်တဲ့ရည်ရွယ်ချက်နဲ့ ဟင်းချက်ရာမှာရှောင်ကျဉ်သင့်တဲ့ အမှားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

  1. You do not preheat the pan. (မချက်ခင် အိုး ကို အပူမပေးဘူး )
Cornbread Recipe {Savory, Southern-Style} | SimplyRecipes.com
Photo credits @simplyrecipes

Preheating your pan will prevent your food from sticking to the pan.

(ဟင်းမချက်ခင် အိုး ကို အပူပေးမယ်ဆိုရင် ဟင်းတွေ အိုးမှာကပ်မနေတော့ပါဘူး )

  1. You crowd your pan. (အိုးထဲမှာဟင်းတွေကိုကျပ်သိပ်နေအောင်ထည့်တယ်)
Aldens Butchers on Twitter: "*BUTCHER'S TIP* Give 'em some room ...
Photo credits @twitter

When you crowd your pan, you only lower the heat because there are more colder pieces of food your pan needs to accommodate. 

(အိုးထဲမှာ ချက်မယ့်ဟင်းတွေကို ကျပ်သိပ်နေအောင်ထည့်ထားရင် အပူရှိန်နဲ့မထိတဲ့အပိုင်းတွေက မကျက်ဘဲကျန်နေတတ်ပါတယ်။ )

  1. You are using a dull knife. (တုံးတဲ့ ဓား ကို သုံးတယ်)
The Cutting Edge: NEVER use a dull knife | Quench Magazine
Photo credits @quenchmagazine

Using a dull knife is more dangerous than using a sharp one.

(တုံးနေတဲ့ဓား ကို သုံးတာက ထက်တဲ့ဓား ကိုသုံးတာထက် ပိုအန္တရာယ်များပါတယ်။ )

  1. You forget to let the meat rest. (ဟင်းချက်ပြီးတာနဲ့အိုးပေါ်က ချက်ချင်းချတယ်)
Why You Need to Let Meat Rest After Cooking | Food recipes, Rump ...
Photo credits @pinterest

It is all about allowing the meat’s juices to settle.

(ဟင်းကျက်သွားရင် မီးဖိုပေါ်မှာ ခဏတင်ထားပြီး ဟင်းအဆီအနှစ်တွေကိုဆက်အပူပေးထားလိုက်ပါ။ )

Categories
health

4 INSTAGRAM ACCOUNTS TO FOLLOW TO HELP YOU DEAL WITH ANXIETY

Since  we cannot control the current situation, learning how to verbalize our thoughts and feelings can help us deal with our anxieties. Remember, we are not alone in experiencing these things. If you’re in need for some words of encouragement, we listed four IG accounts to follow as your source of inspiration.

စိုးရိမ်ပူပန်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ instagram မှာ follow လုပ်ထားသင့်တဲ့ account များ

ကိုယ့်အနေနဲ့ လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေကို မထိန်းချုပ်နိုင်ပေမယ့် ကိုယ့်ရဲ့အတွေးတွေနဲ့ ခံစားမှုတွေကို ပြောင်းလဲနိုင်ဖို့လေ့လာကြည့်မယ်ဆိုရင်‌တော့ စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်ဖိစီးမှုတွေကို အကောင်းဆုံး ဖြေရှင်းနိုင်မှာပါ။ အဲ့ဒီလိုခံစားနေရတာ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာကို မမေ့ဖို့လိုပါတယ်။ ဒီလိုအချိန်မှာ အားပေးစကားလေးတွေ လိုအပ်နေသူတွေအတွက် instagram မှာ follow လုပ်ထားသင့်တဲ့ account တွေကို ဖော်ပြပေးလိုက်ပါတယ်။ 

  • 1. Gemma Correll is known for her comic illustrations. Her humorous approach adds up to ease our daily worries. (Gemma Correll ကို သူမရဲ့ ကာတွန်းပုံတွေကြောင့် လူသိများပါတယ်။ သူမရဲ့ ရယ်မောစရာရုပ်ပံအချို့က နေ့စဉ်ကြုံတွေ့နေရတဲ့ ဘဝအမောတွေကို ဖြေဖျောက်ပေးနိုင်မှာပါ။ )
  • 2. Subliming.jpg shares motivational quotes, that looks like eye-candy posts. (Subliming.jpg ကတော့ အားပေးစကားတွေကို လူတွေစိတ်ထဲစွဲနေစမယ့်  ပုံစံအသစ်အဆန်းလေးတွေနဲ့ တင်ပေးနေတာပဲဖြစ်ပါတယ်။ )
View this post on Instagram

Diane Von Furstenberg

A post shared by @ subliming.jpg on

  • 3. Let’s Talk About Mental Health Topics are interpreted in striking colors that draw attention to topics often neglected. (Let’s Talk About Mental Health Topics မှာတော့ လူတွေဂရုမပြုမိတဲ့စိတ်ပိုင်းဆိုင်ရာခေါင်းစဉ်တွေကို စိတ်ဝင်စားစရာကောင်းတဲ့အရောင်တွေနဲ့ ဖော်ပြပေးထားပါတယ်။)
  • 4. Worry Lines Find a support system in thru cute, inspiring, and wobbly drawings.  (Worry Lines မှာ ချစ်စရာကောင်းပြီး ဆန်းသစ်တဲ့ ပုံလေးတွေနဲ့ အားပေးစကားလေးတွေကို ကြည့်ရှုနိုင်ပါတယ်။ )
Categories
health Lifestyle

PLANT YOUR SCRAP VEGGIES

Being healthy in the middle of a  corona virus is vital. A simple way to remain healthy is incorporation fruits and vegetables to your diet. 

Corona virus ဖြစ်ပွားနေတဲ့ကာလမှာ စိတ်ရောကိုယ်ပါ ကျန်းမာနေဖို့ လိုအပ်ပါတယ်။ ဒီလို ကျန်းမာအောင် နေထိုင်ဖို့ ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းကတော့ ကိုယ့်ရဲ့ စားသောက်မှုပုံစံထဲမှာ အသီးအရွက် နဲ့ အသီးအနှံတွေကိုပါ မချွင်းမချန်စားသောက်ပေးဖို့ပဲဖြစ်ပါတယ်။ 

Since you have all the time, regrowing veggies from the used scraps that are usually thrown away is a must. The process may vary depending on the type of veggies you’re growing. It’s surprisingly simple and easy to do, yet it may take months to fully form. 

But here are visuals on how to grow vegetable scraps.

မီးဖိုချောင်ကနေထွက်လာတဲ့ အသီးအနှံ အကျွင်းအကျန်တွေ ကို စွန့်ပစ်လိုက်မယ့်အစား ပြန်လည်စိုက်ပျိုးသင့်ပါတယ်။ ကိုယ်စိုက်ပျိုးတဲ့သီးနှံအမျိုးအစားပေါ်မူတည်ပြီး အချိန်ကာလကြာမြင့်နိုင်ပါတယ်။ သီးနှံပင်ကြီးထွားလာဖို့ တစ်လနီပါးကြာမြင့်နိုင်ပေမယ့် ဒီနည်းလမ်းလေးက တစ်ကယ်ကိုရိုးရှင်းပြီး လွယ်ကူပါတယ်။ 

စွန့်ပစ်သီးနှံတွေကို ဘယ်လိုမျိုး ပြန်လည်စိုက်ပျိုးနိုင်မလဲဆိုတာ ကြည့်လိုက်ကြရအောင်။

#1 CABBAGE & PECHAY

Photo credits @dost

#2 SCALLION, LEEKS, AND GREEN ONION

#3 POTATO

Photo credits @dost

#4 GINGER

Photo credits @dost

#5 GARLIC

Photo credits @dost

#6 ONION

Photo credits @dost

Categories
health

WHY YOU FEEL SO TIRED EVEN JUST STAYING AT HOME THIS QUARANTINE TIME

ကွာရန်တင်း ကာလမှာ အိမ်ထဲမှာနေပေမယ့် ဘာကြောင့် ပင်ပန်းတယ်လို့ခံစားနေရတာလဲ

Have you ever experienced a moment in this coronavirus stay at home time where you did nothing, yet you still feel tired by 9pm?

Dr Sophie Bostock, a Sleep Specialist explains:

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘာမှမလုပ်ဘဲ အိမ်မှာနေနေကြပေမယ့် ညကိုးနာရီရောက်ပြီဆိုတာနဲ့ ပင်ပန်းနွမ်းနယ်လာသလိုခံစားဖူးပါသလား။ အိပ်စက်ခြင်းနဲ့ပက်သက်တဲ့ ကျွမ်းကျင်ပညာရှင် Dr Sophie Bostock က အခုလိုရှင်းပြထားပါတယ်။

“It’s not surprising that lockdown is impacting how tired people are feeling. A lot of this comes down to routines being hacked, less exposure to sunlight, heightened anxiety from reading the news and increased screen time,”

“ အခုလိုဘယ်မှမသွားဘဲ အိမ်ထဲမှာနေထိုင်နေရတဲ့ကာလမှာ လူတွေအားလုံးက ပင်ပန်းနွယ်းနယ်မှုကို ခံစားရတာဟာ အထူးအဆန်းတော့မဟုတ်ပါဘူး။ နေရောင်ခြည်နဲ့ထိတွေ့မှုနည်းလာတာ၊ ဆိုရှယ်မီဒီယာပေါ်က သတင်းတွေဖတ်ပြီး ဒေါသထွက်ကြတာနဲ့ ဖုန်း၊ ကွန်ပျူတာ အသုံးပြုချိန်ပိုများလာတာတွေက ပုံမှန်နေ့စဉ်ဘဝရဲ့ လုပ်ဆောင်နေကျ ကိစ္စဝိစ္စတွေနေရာမှာ အစားထိုးဝင်ရောက်လာပါတယ်။ ”

“Because of all this our brains aren’t getting the same amount of stimulation that they are used to; we’re having to spend our days in the same few rooms of our houses and with the same few people, so it’s natural to feel more lethargic than normal as a result.”

Here, Dr. Sophie shares her bits of advice for re-energizing.

“ အဲ့ဒီအရာတွေကြောင့်ပဲ လူတွေရဲ့ဦးနှောက်က နေ့စဉ်ပုံမှန်လည်ပတ်လုပ်ဆောင်နေချိန်မှာ ဖြစ်ပေါ်လာတဲ့ လှုံ့ဆော်မှုမျိုးကို မရရှိတော့ပါဘူး။ နေ့စဉ်နဲ့အမျှ ဒီအခန်းထဲမှာ ဒီလူတွေနဲ့ပဲ ထိတွေ့ဆက်ဆံနေရတဲ့အတွက်ကြောင့် လေးလံထိုင်းမှိုင်းနေသလိုခံစားနေရတာက သဘာဝပါပဲ။ ” အားအင်ပြန်လည်ဖြည့်တင်းရာမှာ အသုံးဝင်မယ့် အကြံဉာဏ်အချို့ ကို Dr. Sophie က ဝေမျှပေးထားပါသေးတယ်။

Establish a new routine (လုပ်ငန်းဆောင်တာအသစ်တစ်ခုဖန်တီးပါ ။)

And stick to it, too. “You’d think being able to sleep in longer and move less during lockdown would increase our energy levels in the day, but it’s quite the opposite,” notes Sophie. “It’s tempting to use the time you would be commuting to sleep-in, but messing with your circadian rhythms disrupts your body, making you more susceptible to tiredness.”  Keep your screens in a separate room to where you sleep too.

ပြီးတော့ အဲ့ဒီအလုပ်ကို စွဲစွဲမြဲမြဲလုပ်ပါ။ “ ဒီကာလမှ တစ်နေကုန်အိပ်နေပြီး လှုပ်ရှားရမယ့်ကိစ္စမျိုးကို ရှောင်နေတာက အားအင်ပြန်လည်ဖြည့်တင်းစေမယ်လို့ ထင်ကောင်းထင်နေပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒါက လုံးဝ ဆန့်ကျင်ဘက်ပါပဲ ” လို့ Sophie က ပြောပါတယ်။ “ကိုယ့်ရဲ့အချိန်တွေကို အိပ်စက်အနားယူရင်း ကုန်ဆုံးတာက သဘောကျစရာကောင်းတယ်ဆိုပေမယ့် လူတွေရဲ့ သတ်မှတ်ထားတဲ့အိပ်ချိန်စက်ဝန်း ကို ထိခိုက်စေတဲ့အတွက် ပင်ပန်းနွမ်းနယ်မှုကို ပိုခံစားရစေပါတယ်။” အိပ်စက်တဲ့အချိန်မှာ ဖုန်းတွေ၊ ကွန်ပျူတာတွေ ကို တစ်ခြားအခန်းတစ်ခန်းမှာ သပ်သပ်ထားလိုက်ပါ။

Restrict your news intake (သတင်းဖတ်ရှုခြင်းကို ကန့်သတ်ပါ ။)

Naturally, people are feeling quite anxious at the moment and constantly reading the news doesn’t help. “Whilst it’s important to keep up to date with what’s going on, try and moderate how much you’re checking the news, it’ll help to maintain your emotional balance,” says Sophie. “Stress triggers hyperactivity in our brains, releasing cortisol and our bodies go into defence-mode, which saps our energy and motivation.” Taking deep breaths and reading a good book before bed can help to.

လူတွေက အခုအချိန်မှာ အတော်လေးစိုးရိမ်သောကရောက်နေကြပြီး ဆိုရှယ်မီဒီယာက ဖော်ပြသမျှသတင်းတွေကို အဆက်မပြတ် ဖတ်နေခြင်းကလည်း ဘာအကူအညီမှ ရမှာမဟုတ်ပါဘူး။ “ ဘာတွေဖြစ်ပျက်နေလဲဆိုတာသိရဖို့အတွက် နောက်ဆုံးရသတင်းတွေကို အလျင်မီစေဖို့ကလည်း အရေးကြီးနေပါတယ်။ သတင်းဘယ်လောက်များများ ဖတ်မိသလဲဆိုတာနဲ့ ဖတ်တဲ့သတင်းတွေကို ချိန်ချိန်တွေးတောခြင်းကလည်း စိတ်ခံစားမှုကို အစွန်းမရောက်စေဘဲ ညီမျှအောင် ကူညီပေးပါတယ် ” လို့ Sophie က ပြောပါတယ်။ “ စိတ်ဖိစီးမှုက ဦးနှောက်ရဲ့ မူမမှန်တဲ့လှုပ်ရှားမှုကို ဖြစ်ပေါ်စေပြီး စတီးရွိုက်ဟော်မုန်းတစ်မျိုးကို ထုတ်လိုက်တဲ့အခါ လူ့ခန္ဓာကိုယ်က အလိုအလျောက် ကာကွယ်ပါတော့တယ်။ အဲ့ဒီအခါ လူတွေရဲ့ စွမ်းအင်နဲ့ စိတ်ဓာတ်တက်ကြွမှု တွေက လျော့နည်းသွားပါတော့တယ်။ ” မအိပ်ခင်မှာ စိတ်ငြိမ်အောင်ထားပြီး အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း နဲ့ စာအုပ်ဖတ်ခြင်းက စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။

Exercise your mind and body (စိတ်နဲ့ခန္ဓာ ကို လေ့ကျင့်ပေးပါ ။)

If you started off with every intention to regularly do at-home workouts, but have found yourself glued to your laptop instead (same), here’s one other reason why it might be worth dusting off your yoga leggings after all.

အိမ်မှာနေတဲ့အချိန် လေ့ကျင့်ခန်းလုပ်ဖို့ရည်ရွယ်ထားပေမယ့် ကွန်ပျူတာ နဲ့ ဖုန်း ကို လက်ကမခွာနိုင်ဖြစ်နေတယ်ဆိုရင် ရောဂ ဝတ်စုံကိုဖုန်ခါပြီး လေ့ကျင့်ခန်းစလုပ်ဖို့ လုံလောက်တဲ့အကြောင်းပြချက်တစ်ခုပေးပါရစေ။

“With so many of us confined to our houses, it’s easy to move from screen to screen and neglect making enough time for physical exercise,” says Sophie. “Physical activity is not only vital to boosting energy levels, as it releases endorphins, but it also promotes happiness.”

Doing some simple stretches at home will help too. 

“ အားလုံးက အိမ်မှာပဲနေကြတဲ့အတွက် ဖုန်း နဲ့ ကွန်ပျူတာ ကို ထည်လဲပြောင်းသုံးဖို့ အရမ်းလွယ်ပြီး လေ့ကျင့်ခန်းလုပ်ဖို့ကို မေ့နေတတ်ကြတယ်” လို့ Sophie က ဆိုပါတယ်။ “ ကိုယ်ကာယလေ့ကျင့်ခန်း လုပ်တယ်ဆိုတာက စွမ်းအင်ကိုမြှင့်တင်ပေးရုံမက အန်ဒိုဖင် ဟော်မုန်းကိုထုတ်လွှတ်ပေးပြီး ပျော်ရွှင်မှုကို မြှင့်တင်ပေးပါတယ်။ ” အိမ်မှာနေရင်းလုပ်နိုင်တဲ့ ရိုးရှင်းတဲ့ ကိုယ်လက်လှုပ်ရှားမှုကလည်း အကျိုးသက်ရောက်မှုရှိပါတယ်။

“Overcome tiredness by preparing your body for sleep and restoration with a gentle yoga workout,” adds Sophie. It’s equally as important to make sure your brain is kept stimulated too, by doing different activities each day, like reading, listening to music or learning a new skill. “The control centre of your body, a healthy and cared-for brain will help beat tiredness.”

“ ကောင်းမွန်စွာအိပ်စက်အနားယူခြင်း၊ ရောဂ လေ့ကျင့်ခန်းလုပ်ခြင်းတို့နဲ့ ပင်ပန်းနွမ်းနယ်မှုကို အနိုင်ယူလိုက်ပါ” လို့ Sophie က အကြံပြုပါသေးတယ်။ “ စာဖတ်ခြင်း ၊ သီချင်းနားထောင်ခြင်း၊ အကြောင်းအရာအသစ်များကို လေ့လာသင်ယူခြင်းစတဲ့ နေ့စဉ်နေ့တိုင်း မတူညီတဲ့လှုပ်ရှားမှုတွေပြုလုပ်ပြီး ဦးနှောက်ကို လှုံ့ဆော်ပေးဖို့ကလည်း အရေးကြီးပါတယ်။ ” လူ့ခ္ဓာကိုယ်ရဲ့ ကျန်းမာပြီး ကောင်းမွန်တဲ့ ပင်မထိန်းချုပ်နေရာဖြစ်တဲ့ ဦးနှောက် က ပင်ပန်းနွမ်းနယ်မှုကို တိုက်ဖျက်ရာမှာ ကူညီပေးပါလိမ့်မယ်။

This article originally appeared on Cosmopolitan.com. Minor edits have been made by the OOTDMYANMAR editors.

Cosmopolitan.com တွင် ဖော်ပြထားသည့် ဆောင်းပါးကို OOTDMYANMAR အယ်ဒီတာအဖွဲ့မှ အနည်းငယ်ပြင်ဆင်ဖြည့်စွက်ထားပါသည်။

Categories
health

5 FUN & HEALTHY WORKOUTS YOU CAN DO AT HOME

OOTDMYANMAR ကိုယ်တိုင် စမ်းကြည့်ထားတဲ့ အိမ်မှာလုပ်လို့ရမယ့် ကျန်းမာရေးလေ့ကျင့်ခန်းများ

Remember, there are no excuses that can stop you from being fit and healthy. As a proof to that we round listed 5 workouts  you can try at home that require no equipment. Yes, there’s no need to spend money on a gym membership or even buy exercise equipment to stay active!  If you need some motivation, just remember: the more your workout, the more you can treat yourself to your fave snacks without feeling guilty.


ကျန်းမာပြီး အချိုးအစားလှပအောင်နေထိုင်ဖို့အတွက် ကိုယ့်ကို ဘယ်လိုအကြောင်းအရာမျိုးကမှ ရပ်တန့်နိုင်မှာမဟုတ်ဘူးဆိုတာ သတိရပါ။ အဲ့ဒါကို သက်သေပြဖို့အတွက် OOTDMYANMAR က ဘာစက်ပစ္စည်းမှ မလိုဘဲ အိမ်မှာပဲလုပ်နိုင်တဲ့ လေ့ကျင့်ခန်းငါးမျိုးကို စမ်းကြည့်ထားပါတယ်။ ဟုတ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေက gym သွားပြီးငွေကုန်ခံစရာမလိုသလို ဘာစက်ပစ္စည်းမှ မလိုအပ်ဘဲ ပြုလုပ်နိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ တွန်းအားလေးတစ်ခုလိုနေတယ်ဆိုရင်တော့ “လေ့ကျင့်ခန်းများများလုပ်လေ၊ ဘာမှစိုးရိမ်စရာမလိုဘဲ စားချင်တာစားနိုင်လေ” ဆိုတာလေးကို သတိရပေးပါနော်။

Get your heart pumping with these no-equipment workouts you can do at home:

ကဲ.. စက်ကိရိယာအကူအညီမလိုဘဲ အိမ်မှာလုပ်လို့ရတဲ့လေ့ကျင့်ခန်းတွေနဲ့ ကျန်းမာလှပစွာ နေလိုက်ကြရအောင်

1. Pilates

  1. Yoga

3. Zumba

  1. HIIT
  1. CIRCUIT TRAINING
  1. CARDIO WORKOUTS.   https://www.youtube.com/watch?v=f4ploouAfWI&t=3s

*This story originally appeared on cosmoph.com. Minor edits have been made .

cosmoph.com မှဖော်ပြထားသောအကြောင်းအရာကို အနည်းငယ်ဖြည့်စွက်ထားပါသည်။

Categories
health

FAST FACTS ABOUT COVID-19

As the virus spreads so quickly, we are also trying to help in preventing the widespread of this disease. Let’s be an advocate!

Virus ပျံ့နှံ့မှုနှုန်းမြန်လာတာနဲ့အမျှ ရောဂါပျံ့နှံ့မှုကို ကာကွယ်ဖို့အတွက် တတ်နိုင်သမျှ ကူညီဖို့ကြိုးစားနေပါတယ်။ 

အချင်းချင်း အားပေးကူညီကြရအောင်။ 

Photo credits to @worldhealthorganization