Categories
international

ZAYN MALIK & GIGI HADID WELCOMES THEIR BABY GIRL

သမီးဦးလေးကို ကြိုဆိုလိုက်တဲ့ Zayn Malik နဲ့ Gigi Hadid

Gigi Hadid and Zayn Malik finally enter the parents club! Gigi Hadid just gave birth to a healthy baby girl!

Gigi Hadid နဲ့ Zayn Malik တို့နှစ်ယောက် နောက်ဆုံးတော့ မိဘတွေဖြစ်လာကြပါပြီ။ Gigi Hadid က ကျန်းမာသန်စွမ်းတဲ့ သမီးဦးလေးကို ဖွားမြင်ခဲ့ပါတယ်။

The proud dad took Twitter to announce the big news, together with a touching black-and-white photo showing him holding his baby girl’s little hand.

ဖခင်ဖြစ်သူက ဂုဏ်ယူဝင့်ကြွားစွာနဲ့ သမီးလေးနဲ့ လက်ချင်းဆုပ်ကိုင်ထားတဲ့ အဖြူအမည်းဓာတ်ပုံလေးကို twitter မှာ တင်ခဲ့ပါတယ်။

Zayn tweets:

“Our baby girl is here, healthy, and beautiful,”

“ကျွန်တော်တို့ရဲ့ ကျန်းမာသန်စွမ်းပြီး လှပတဲ့သမီးရတနာလေးပါ”

“To try put into words how I am feeling right now would be an impossible task. The love I feel for this tiny human is beyond my understanding. Grateful to know her, proud to call her mine, and thankful for the life we will have together.”

“ကျွန်တော်အခုဘယ်လိုခံစားနေရလဲဆိုတာကို စကားလုံးတွေနဲ့ဖော်ပြဖို့တောင်မဖြစ်နိုင်ပါဘူး။ ဒီလူသားလေးအပေါ်ခံစားရတဲ့ ကျွန်တော့်ရဲ့အချစ်က နားလည်နိုင်တာထက်ပိုပါတယ်။ သူ့ကိုသိခွင့်ရလို့ ဝမ်းသာမိတယ်၊ သူ့ကို ကျွန်တော့်သမီးလေးလို့ပြောခွင့်ရတဲ့အတွက် ဂုဏ်ယူမိတယ်၊ ကျွန်တော်တို့အတူရှေ့ဆက်ရမယ့်ဘဝအတွက်လည်း ကျေးဇူးတင်ပါတယ်။” လို့ Zayn က Twitter မှာ တင်ခဲ့ပါတယ်။

Shortly after Gigi took to social media to introduce their daughter to the world:

သိပ်မကြာခင်မှာပဲ Gigi ကလည်း ဆိုရှယ်မီဒီယာကတဆင့် ကမ္ဘာကြီးကို သူမရဲ့သမီးလေးနဲ့ မိတ်ဆက်ပေးခဲ့ပါသေးတယ်။

“Our girl joined us earth-side this weekend and she’s already changed our world. So in love,” she said in her Instagram post, which also shows a black-and-white photo of her and her precious child locking hands.

“ကျွန်မတို့ရဲ့သမီးလေး ကမ္ဘာမြေပေါ်ရောက်ရှိလာပါပြီ။ သူလေးက ကျွန်မတို့နှစ်ယောက်ရဲ့ကမ္ဘာကို ပြောင်းလဲပေးလိုက်ပါပြီ။ အရမ်းချစ်မိတယ်” လို့ သူမရဲ့ instagram post မှာ သားအမိနှစ်ယောက် လက်ချင်းဆုပ်ကိုင်ထားတဲ့ အဖြူအမည်းဓာတ်ပုံလေးနဲ့အတူ ဖော်ပြခဲ့ပါတယ်။

Gigi and Zayn were first reported to be expecting back in April. The model, who also celebrated her 25th birthday, was then halfway through her pregnancy at 20 weeks.

Gigi နဲ့ Zayn တို့ ပြန်လည်သင့်မြတ်သွားတဲ့အကြောင်း ဧပြီလမှာ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ သူမရဲ့ ၂၅ နှစ်ပြည့်မွေးနေ့ကို ဆင်နွှဲချိန်မှာတော့ သူမရဲ့ကိုယ်ဝန်က ရက်သတ္တပတ် ၂၀ ခန့်ရှိနေပါပြီ။

Gigi revealed her baby bump for the first time in July.

Gigi က သူမရဲ့လှပကျော့ရှင်းတဲ့ဗိုက်ကို ဇူလိုင်လမှာ ပထမဆုံးအကြိမ်အဖြစ် အားလုံးကိုအသိပေးခဲ့ပါတယ်။

Congratulations, Zayn and Gigi! We can’t wait to see more photos of your beautiful blessing!

ဂုဏ်ယူပါတယ် Zayn နဲ့ Gigi ရေ! ချစ်စရာကောင်းတဲ့ သမီးလေးရဲ့ဓာတ်ပုံတွေကိုမြင်ရဖို့ မစောင့်နိုင်တော့ပါဘူး။

Written & Translated by Yaminn Phyo Wai

Categories
international

GIGI HADID SHOWED HER BABY BUMP FOR THE FIRST TIME!

ကိုယ်ဝန်ကို ပထမဆုံးအကြိမ်အဖြစ် ပရိတ်သတ်တွေကို ပြသခဲ့တဲ့ GiGi Hadid 

Gigi Hadid has given her fans the first glimpse at her baby bump two months before her due date. The supermodel, who is expecting her first child with boyfriend Zayn Malik, hopped on Instagram Live on Wednesday night and showed off her belly as she revealed why she’s decided to remain private about her pregnancy.

Gigi Hadid က မီးဖွားရက်မတိုင်မီ နှစ်လ အလိုမှာ သူမရဲ့ကိုယ်ဝန်ကို ပရိတ်သတ်တွေကို ပထမဆုံးအကြိမ်အဖြစ် ပြသခဲ့ပါတယ်။ စူပါမော်ဒယ်တစ်ဦးဖြစ်တဲ့ Gigi က သူမရဲ့ချစ်သူ Zayn Malik ရဲ့ရင်သွေးကိုလွယ်ထားပြီဖြစ်တဲ့အကြောင်း ဗုဒ္ဓဟူးနေ့ ညက Instagram မှာ live လွှင့်ပြသရင်း ဒီကိစ္စကို ဘာကြောင့်ထိမ်ချန်ထားဖို့ဆုံးဖြတ်ခဲ့သလဲဆိုတာကိုပါ ထပ်လောင်းပြောပြခဲ့ပါတယ်။ 

Photo credits to Gigi Hadid’s Instagram

Addressing fans who said she didn’t look pregnant in her last Instagram Live, she lifted open her shirt to show off her growing bump. “There’s my belly, y’all. Like it’s there. It’s just from the front it’s different,” she laughed.

Gigi ရဲ့ instagram live မှာ ကိုယ်ဝန်ရှိနေမှန်းမသိသာဘူးဆိုတဲ့ fan တွေရဲ့ပြောကြားချက်ကို Gigi က သူမရဲ့အင်္ကျီကို မ, ပြီး ပူနေတဲ့ဗိုက်ကိုပြရင်း “ အားလုံးပဲ ဒါ ကျွန်မရဲ့ ဗိုက်ပါ။ ဒီမှာပါ။ ဒါ အရှေ့ဘက်ကနေပြထားတာ မတူပါဘူး” လို့ ရယ်ရယ်မောမော နဲ့ တုံ့ပြန်ခဲ့ပါတယ်။ 

Promoting her latest project with V magazine, The Gigi Journal: Part II , the model asked fans to send her questions ahead of the Q&A.

Gigi က V magazine နဲ့ Project ဖြစ်တဲ့  The Gigi Journal: Part II အကြောင်း promote လုပ်တဲ့အနေနဲ့ သူမရဲ့ပရိတ်သတ်တွေကို အမေးအဖြေကဏ္ဍအတွက် မေးခွန်းတွေပို့ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။ 

The 25-year-old also explained why she’s not been posting more about her pregnancy, continuing: “Obviously, I think a lot of people are confused why I am not sharing more but I am pregnant through a pandemic… obviously my pregnancy is not the most important thing going on in the world. That’s a reason that I felt like it’s not really something that I need to share apart with my family and friends.”

အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ Gigi က သူမရဲ့ကိုယ်ဝန်အကြောင်းကို ဆိုရှယ်မီဒီယာမှာ အများကြီးမဖော်ပြခဲ့တဲ့အကြောင်းကိုလည်း ရှင်းပြခဲ့ပါသေးတယ်။ “ တော်တော်များများက ကျွန်မရဲ့ကိုယ်ဝန်အကြောင်း ဘာကြောင့်ဒီထပ်ပိုပြီး မပြောပြခဲ့လဲဆိုတာ စဉ်းစားရကြပ်နေကြမယ်ထင်ပါတယ်။ ကျွန်မက ဒီကပ်ဆိုးကာလကြီးအတွင်းမှာ ကိုယ်ဝန်ရခဲ့တာလေ။ ကမ္ဘာတလွှားက ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေထဲမှာ ကျွန်မရဲ့ကိုယ်ဝန်က အရေးကြီးဆုံးကိစ္စမဟုတ်တာ အသိအသာကြီးပါ။ ဒါကြောင့် ဒီကိစ္စကို ကျွန်မရဲ့မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေကလွဲလို့ အခြားသူတွေကို အသိပေးဖို့မလိုအပ်ဘူးလို့ ခံစားရတဲ့အတွက် မပြောဖို့ဆုံးဖြတ်ခဲ့တာပါ။ ” လို့ Gigi က ဖြေရှင်းခဲ့ပါတယ်။  

She added that she’s been documenting her pregnancy journey for her nearest and dearest, but will share pictures with fans “in the future”.

ဒါ့အပြင် Gigi က ကိုယ်ဝန်ရှိမှန်းသိရတဲ့အချိန်ကစပြီး အခုအချိန်ထိ သူမချစ်ရတဲ့သူတွေအတွက်  မှတ်တမ်းတင်ထားခဲ့ကြောင်းနဲ့ အနာဂါတ်မှာ သူမရဲ့ ပရိတ်သတ်တွေကိုလည်း ပြသသွားမယ်လို့ ဆိုပါတယ်။ 

Gigi, who is thought to be due in September, confirmed her pregnancy in early May during an appearance on The Tonight Show Starring Jimmy Fallon. After Fallon congratulated her on the news following days of speculation, she said: “We’re very excited and happy and grateful for everyone’s well wishes and support.”

စက်တင်ဘာ လ မှာ မီးဖွားနိုင်ဖို့လျာထားတဲ့ Gigi က သူမ ရင်သွေးလေးလွယ်ထားရပြီဖြစ်တဲ့အကြောင်း မေလ မှာ ပြုလုပ်ခဲ့တဲ့ The Tonight Show မှာ Jimmy Fallon နဲ့အတူ ဖျော်ဖြေရင်း အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။ Fallon က သူမကို ဂုဏ်ပြုခဲ့ပြီးတဲ့နောက် Gigi က “ကျွန်မတို့ အရမ်းစိတ်လှုပ်ရှားပြီး အရမ်းလဲပျော်နေပါတယ်၊ အားလုံးရဲ့ ဆုတောင်းတွေ၊ အားပေးမှုတွေကြောင့် အရမ်းလဲ ဝမ်းသာရပါတယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။ 

We can’t wait to see the pictures when Gigi’s ready to share them.

Gigi share ပေးမယ့်ဓာတ်ပုံလေးတွေကို မြင်ရဖို့ မစောင့်နိုင်တော့ပါဘူး။ 

This article originally appeared on Cosmopolitan.com/uk. Minor edits have been made by the ootdmyanmar editors.

Cosmopolitan.com/uk. တွင်ဖော်ပြထားသောအကြောင်းအရာကို ootdmyanmar အယ်ဒီတာများမှ အနည်းငယ်ပြင်ဆင်ဖြည့်စွက်ထားပါသည်