Categories
Lifestyle

THE REAL MEANING OF PANTONE’S COLORS OF THE YEAR FOR 2021

2021 မှာ ခေတ်စားမယ့် Pantone Color တွေရဲ့အဓိပ္ပာယ်

Pantone Color for 2021 is Ultimate Gray and Illuminating(Yellow). These colors represents strength and hope, appropriate to the previous challenging year.

2021 ရဲ့ Pantone Color က တော့ Ultimate Gray နဲ့ Illuminating (Yellow) ဖြစ်ပါတယ်။ ဒီအရောင်တွေက ခွန်အား နဲ့ မျှော်လင့်ချက် ကို ကိုယ်စားပြုပြီး စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ ၂၀၂၀ ခုနှစ်ကိုဖြတ်ကျော်ဖို့အတွက် အတော်လေးသင့်လျော်တယ်လို့ဆိုရပါမယ်။ 

At the end of every year, the Pantone Color Institute picks a color that will define the year ahead. Color of the Year is a marketing force that touches furniture, fashion items, brands, and tech.

နှစ်တစ်နှစ်အဆုံးသတ်တိုင်းမှာ Pantone Color အဖွဲ့အစည်းက နောက်လာမယ့်နှစ်ကိုရည်ညွှန်းမယ့် အရောင်တွေကို ရွေးချယ်ပေးလေ့ရှိပါတယ်။ နှစ်တစ်နှစ်ရဲ့အရောင်တွေက ပရိဘောဂတွေ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတွေ၊ နာမည်ကြီးအမှတ်တံဆိပ်တွေနဲ့ နည်းပညာဆိုင်ရာပစ္စည်းတွေ ရောင်းအားတက်စေဖို့အသုံးပြုရာမှာ အထောက်အကူပြုပါတယ်။  

The Pantone Color System is acknowledged as the lingua franca universal language of color, analysts said. A unique code and exact ink formula is assigned to every shade. This ensures that the color remains the same regardless of physical circumstance such as lighting.

Pantone Color System က လူအများနားလည်နိုင်တဲ့ဘာသာစကားအဖြစ် သတ်မှတ်ခြင်းခံရကြောင်း လေ့လာသူတွေကဆိုပါတယ်။ အရောင်တွေတိုင်းကို တသီးတန့်ဖြစ်တဲ့ code တွေနဲ့ တိကျတဲ့ ink formula တွေအသုံးပြုထားပါတယ်။ ဒါကြောင့် အလင်းရောင်လို ပြင်ပထိတွေ့မှုတွေကြောင့် အရောင်မှိန်သွား တာမျိုးမဖြစ်စေနိုင်ပါဘူး။ 

This year’s colors of the year come with unique codes, PANTONE 17-5104 for Ultimate Gray  and PANTONE 13-0647 for Illuminating. “We need to feel that everything is going to get brighter – this is essential to the human spirit,” Pantone said.

ဒီနှစ်မှာရွေးချယ်ထားတဲ့အရောင်တွေကတော့ ထူးခြားတဲ့ code တွေဖြစ်တဲ့ Ultimate Gray ရဲ့ PANTONE 17-5104 နဲ့ Illuminating ရဲ့ PANTONE 13-0647 ဖြစ်ပါတယ်။ “အရာရာတိုင်းက ပိုတောက်ပလာတယ်ဆိုတဲ့ခံစားမှုမျိုးရဖို့လိုပါတယ်။ ဒါက လူသားတွေရဲ့စိတ်ဝိဉာဉ်အတွက် လိုအပ်နေတဲ့အရာပါပဲ” လို့ Pantone က ဆိုခဲ့ပါတယ်။ 

pantone-insert.jpg
PHOTO BY INSTAGRAM/PANTONE

* This story originally appeared on Reportr.world. Minor edits have been made by the OOTDMYANMAR editors.