Categories
travel

STARBUCKS OPENED THEIR LARGEST BRANCH IN SOUTH KOREA & IT’S AMAZING

တောင်ကိုရီးယားမှာ အကြီးဆုံးနဲ့အလှပဆုံးဆိုင်ခွဲကိုဖွင့်လှစ်လိုက်တဲ့ Starbucks 

Attention, coffee lovers! If you’re planning a trip to South Korea in the future, we suggest you add the province of Gyeonggi to your list. Why? It’s now home to the largest Starbucks in the country!

ကော်ဖီချစ်သူတို့ရေ… တောင်ကိုရီးယား ကို အလည်သွားဖို့စီစဉ်ထားတယ်ဆိုရင်တော့ လည်ပတ်မယ့်စာရင်းထဲမှာ Gyeonggi ပြည်နယ်ကိုပါထည့်ထားလိုက်တော့နော်။ ဘာဖြစ်လို့ပါလိမ့်။ Gyeonggi က ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံး Starbucks ဆိုင်ခွဲ ဖွင့်လှစ်ထားတဲ့နေရာဖြစ်နေလို့ပါ။ 

Located in Yangpyeong County near the Namhan River, the beloved coffee giant opened their biggest branch yet last July 24 in celebration of their 21st anniversary in SK. According to Starbucks Asia’s official website, the Yangpyeong store boasts of three stories and spans 1,203 square meters (about 13,000 square feet).

Starbucks ရဲ့ တောင်ကိုရီးယားမှာဆိုင်ခွဲဖွင့်ခြင်း၂၁ နှစ်မြောက် နှစ်ပတ်လည်အနေနဲ့ ဇူလိုင်လ ၂၄ ရက်နေ့က နမ်ဟမ်းမြစ်နား၊ Yangpyeong စီရင်စုမှာ Starbucks ရဲ့အကြီးဆုံးဆိုင်ခွဲကိုထပ်မံဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ Starbucks Asia ရဲ့ official website အရ Yangpyeong စတိုးက သုံးထပ်ဖြစ်ပြီး 1,203 square meters ( 13,000 square feet) ကျယ်ဝန်းပါတယ်။ 

Coined as The Yangpyeong drive-thru store, this glass encased coffee house is the first Starbucks in Korea to offer a Reserve coffee bar, Teavana bar, and a drive-thru format all in one location. Apart from relaxing amongst its sleek cream-hued interiors, and marveling at the scenic views from its upper floors, customers can also drop by the store’s rooftop to enjoy live performances from some of the country’s young local talents. 

Yangpyeong drive-thru store လို့ အမည်ထွင်းထားပြီး မှန်တွေနဲ့ကာရံထားတဲ့ကော်ဖီဆိုင်က Reserve coffee bar , Teavana bar အပြင် ကားပေါ်ကဆင်းစရာမလိုဘဲ ဝယ်ယူနိုင်တဲ့ Drive-thru ဝန်ဆောင်မှုကိုပါရရှိတဲ့ ကိုရီးယားရဲ့ ပထမဆုံး Starbucks ကော်ဖီဆိုင်ဖြစ်ပါတယ်။ လှပတဲ့အခန်းတွင်းအပြင်အဆင်တွေကြားမှာ ဇိမ်ကျကျအနားယူပြီး အပေါ်ထပ်ကနေ သဘာဝရဲ့ရှုခင်းတွေကို ကြည့်ရှုခံစားနိုင်တဲ့အပြင် ခေါင်မိုးထပ်မှာ ကိုရီးယားလူငယ်တွေရဲ့ live performance တွေကိုလည်း ကြည့်ရှုနိုင်ပါသေးတယ်။ 

Check out more photos of Starbucks’ Yangpyeong branch below.

Article originally from Cosmo.com and minor changers were done by OOTDMYANMAR editors.

Categories
travel

TRAVEL TIPS FROM CAMILLE CO

Not all individuals are born expert travelers.

ဘယ်သူကမှ ကျွမ်းကျင်တဲ့ ခရီးသွားတွေအဖြစ် မွေးဖွားလာတာမဟုတ်ပါဘူး။ 

At first, we make a lot of travel mistakes.

အစမှာတော့ ခရီးသွားရင်း အမှားတွေအများကြီးလုပ်မိတတ်ပါတယ်။ 

So in order to avoid these travel hassles we collated travel tips from Camille Co-Koro a  lifestyle influencer who travels a lot.

အဲ့ဒီလိုအမှားတွေကိုရှောင်ရှားနိုင်ဖို့ ခရီးတွေအများကြီးထွက်လေ့ရှိတဲ့ lifestyle influencer တစ်ဉီးဖြစ်သူ Camille Co-Koro ရဲ့ ခရီးသွားရင်မှတ်သားလိုက်နာရမယ့်အချက်လေးတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။

Photo credits @itscamilleco

These tips for traveling will help you save money, sleep comfortably, feel better, and just being a better traveler.

ဒီအချက်လေးတွေက ခရီးသွားချစ်သူတို့ ငွေကုန်ကြေးကျသက်သာစေမယ်၊ သက်တောင့်သက်သာ အိပ်စက်အနားယူနိုင်မယ် ပြီးတော့ ပိုကျွမ်းကျင်တဲ့ ခရီးသွားတစ်ယောက်ဖြစ်လာစေမှာပါ။ 

Without further ado, here are her 12 travel tips:

အများကြီးဆက်ပြောမနေတော့ပါဘူး။ ခရီးသွားရင်မှတ်သားလိုက်နာရမယ့်အချက် ၁၂ ချက်က ဘာတွေလဲဆိုတာ ကြည့်လိုက်ကြရအောင်။ 

1. Buy local sim.

ကိုယ်သွားမယ့်နိုင်ငံကထုတ်တဲ့ sim card ကို ဝယ်ပါ။

2. Don’t put money in 1 place.

ပိုက်ဆံကို တစ်နေရာတည်းမှာ စုပြီးမသိမ်းပါနဲ့။

3. Bring medicine kit.

လိုအပ်တဲ့ဆေးဝါးပစ္စည်းတွေထည့်ပါ။

4. Transfer all your toiletries to smaller bottle and container.

တစ်ကိုယ်ရည်သုံးပစ္စည်းတွေကို နေရာအများကြီးမယူတဲ့ ဗူးတွေ အိတ်တွေနဲ့ထည့်ပါ။

5. Bring an extra foldable duffel bag.

ခေါက်လို့ရတဲ့ duffel bag အပိုထည့်ယူသွားပါ။ 

6. Bring a set of clothes in your hand carry.

Hand carry ထဲမှာ အဝတ်အစားတစ်စုံထည့်ယူသွားပါ။ 

7. Make sure to research the best airport transportation.

လေဆိပ်ကနေ အကြိုအပို့လုပ်မယ့်အကောင်းဆုံးဝန်ဆောင်မှုကို ကြိုတင်ရှာဖွေထားပါ။ 

8. Bring an eco bag.

ပိတ်အိတ် သို့မဟုတ် ချည်သားအိတ်တစ်အိတ်ဆောင်သွားပါ။

9. Don’t bring your passport with you all the time.

Passport ကို သွားလေရာ ယူမသွားပါနဲ့။ 

10. Bring slippers.

ခြေညှပ်ဖိနပ်တွေယူသွားပါ။

11. Don’t change money at the airport.

လေဆိပ်မှာ ​ငွေမလဲပါနဲ့။ 

12. Read reviews.

ကိုယ်သွားမယ့်နိုင်ငံ၊ နေရာ နဲ့ပက်သက်တဲ့ အကြံပေးချက်၊ ဝေဖန်ချက်တွေကိုဖတ်ပါ။ 

We hope these tips would help.

ဒီအချက်အလက်တွေက အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 

If you want to watch her full video here it is:

သူမရဲ့ video အပြည့်အစုံကိုကြည့်ချင်ရင်တော့ ဒီ link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

Categories
Fashion travel

KALAW OOTD PEGS

Kalaw is  a popular hill station situated in Shan State. 

ကလောမြို့ဆိုတာ ရှမ်းပြည်နယ်က လူသိများတဲ့ တောင်ပေါ်မြို့လေးပါ။ 

The weather here is enjoyable. It ranges from 8 degrees Celsius to 21 degrees Celsius for the months of January to early March. 

အဲ့ဒီမှာ ရာသီဥတုက အရမ်းသာယာပြီး အေးချမ်းပါတယ်။ ဇန်နဝါရီ က,နေ မတ် လ အစပိုင်းတွေမှာဆိုရင် ၈ ဒဂရီ ဆဲလ်စီးရပ်စ် ကနေ ၁၂ ဒီဂရီ ဆဲလ်စီးရပ်စ် အထိရှိပါတယ်။ 

This weather is perfect to go sightseeing around the city of Kalaw.

အဲ့ဒီအချိန်လောက်ဆို ကလောမြို့လေးကို လည်ပတ်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ 

So, if you want to escape the hot weather in the City grab the opportunity to enjoy the cool weather in Kalaw.

မြို့ပြရဲ့ ပူလောင်မွန်းကျပ်မှုတွေကနေ လွတ်မြောက်ချင်တယ်ဆိုရင်တော့ ကလောရဲ့အေးမြတဲ့ရာသီဥတုလေးကို ခံစားရမယ့်အခွင့်အရေးကို လက်လွတ်မခံပါနဲ့နော်။

And if you are planning to go, we recommend these OOTD inspirations that would make your photos cooler:

သွားဖို့အစီအစဉ်ရှိတယ်ဆိုရင်တော့ ဓာတ်ပုံလှလှလေးတွေရိုက်နိုင်မယ့် ဝတ်စုံလေးတွေ ရွေးချယ်ပေးလိုက်တယ်နော်။ 

OOTD #1

Photo credits @songofstyle

OOTD #2

Photo credits @songofstyle

OOTD #3

Photo credits @rosieshoonlei/ Photo by @mia_aung

OOTD #4

Photo credits @songofstyle

OOTD #5

Photo credits @itszune

OOTD #6

Photo credits @songofstyle

OOTD #7

Photo credits @songofstyle

OOTD #8

Photo credits @songofstyle

OOTD #9

Photo credits @songofstyle

Now, where/what should we visit in Kalaw? 

Comment below.

ကလောမြို့ရောက်ရင် ဘယ်နေရာတွေလည်ပတ်သင့်လည်းဆိုတာကို comment ပေးသွားကြပါဉီးနော်။

Categories
travel

TOP PLACES TO VISIT FOR 2020

၂၀၂၀ မှာ ဦးစားပေး သွားသင့်တဲ့ခရီးစဉ်တွေ

Photo Credits @saw_thunder_myint

Saw Thunder Myint of I Write I Travel is one of our country’s top Travel Blogger.

Here she shares her top destinations for year 2020. 

မြန်မာနိုင်ငံရဲ့အကောင်းဆုံး ခရီးသွား Blogger တွေထဲက တစ်ယောက်ဖြစ်တဲ့  I Writer I Travel ရဲ့ပဲ့ကိုင်ရှင် Saw Thunder Myint က ၂၀၂၀ မှာ သွားသင့်တဲ့ ခရီးစဉ်တွေကို မျှဝေပေးထားပါတယ်။ 

#1 Greece 

Photo Credits @visitgreece

A country in southeastern Europe with thousands of islands Greece is known for its beaches, from the black sands of Santorini to the party resorts of Mykonos. 

ဥရောပရဲ့ အရှေ့တောင်ပိုင်းမှာရှိတဲ့ ဂရိနိုင်ငံကတော့ လှပတဲ့ကမ်းခြေတွေ၊ Santorini ရဲ့ အနက်ရောင် သဲတွေ နဲ့ Mykonos ရဲ့ party resort တွေကြောင့် နာမည်ကြီးပါတယ်။ 

#2 Bali, Indonesia

Photo Credits @lucy_ella1996

An Indonesian island known for its forested volcanic mountains, iconic rice paddies, beaches and coral reefs. The island is also known for its yoga and meditation retreats too.

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း ကတော့ မီးတောင်ရယ် ၊ စိမ်းလန်းနေတဲ့သစ်တောတွေရယ် ၊ စပါးခင်းတွေရယ်၊ ကမ်းခြေတွေနဲ့ သန္တာကျောက်တန်းတွေ ရယ်ကြောင့် လူသိများပါတယ်။ ဒါ့အပြင် ရောဂ နဲ့ တရားထိုင် ခြင်း တို့ကလည်း ဘာလီ ကို နာမည်ကြီးစေတဲ့အချက်ပါ။

#3 Turkey, Antalya 

Photo Credits @visitantalaya

Antalya is the fastest-growing city in Turkey, and tourists from around the world are discovering its fabulous mix of great beaches and traditional Turkish culture.

Antalya ဆိုတာ တူရကီမြို့ရဲ့ တိုးတက်မှုအမြန်ဆုံးမြို့ဖြစ်ပြီးတော့ ကမ်းခြေအလှနဲ့ တူရကီယဉ်ကျေးမှုကို လေ့လာချင်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် မျက်စိကျချင်စရာနေရာဖြစ်ပါတယ်။

#4 Philippines

Photo Credits @backpackersglobal

 The Philippines, a country of islands, and is popular for its water and land activities. Boasted with one of the longest coastlines in Asia, it’s worth a travel here for its serene beaches and crystal clear waters. Some of the more noted beaches include Boracay Island, El Nido, and Camiguin Island.

ကျွန်းတွေနဲ့ဖွဲ့စည်းထားတဲ့ ဖိလစ်ပိုင် နိုင်ငံ က ရေပေါ်သာမက မြေပေါ်မှာပါ လုပ်ဆောင်နိုင်တဲ့ အပန်းဖြေစရာတွေကြောင့် လူသိများပါတယ်။ ဒါ့အပြင် အာရှမှာ အရှည်ဆုံးပင်လယ်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ သာယာလှပတဲ့ကမ်းခြေတွေနဲ့ ကြည်လင်နေတဲ့ရေတွေက ဖိလစ်ပိုင် ကို သွားလည်သင့်တဲ့ အကြောင်းပြချက်တွေထဲက တစ်ခုပါ။ ဖိလစ်ပိုင် ရဲ့ နာမည်ကြီးလူသိများတဲ့ ကမ်းခြေတွေကတော့ Boracay ကျွန်း, El Nido ကျွန်း နဲ့ Camiguin ကျွန်း တို့ဖြစ်ပါတယ်။ 

#5 Uzbekistan 

Photo Credits @uzbekistan

Uzbekistan is a Central Asian nation and former Soviet republic. It’s known for its mosques, mausoleums and other sites linked to the Silk Road, the ancient trade route between China and the Mediterranean.  

Uzbekistan က အာရှရဲ့ အချက်အချာကျတဲ့နိုင်ငံဖြစ်ပြီး အရင်ကတော့ ဆိုဗီယက်သမ္မတ နိုင်ငံဖြစ်ခဲ့ဖူးပါတယ်။ ဗလီတွေ၊ အထိမ်းအမှတ်ကျောက်တိုင်တွေ အပြင် တရုတ် နဲ့ မြေထဲပင်လယ်ကြားက ရှေးဟောင်းကုန်သွယ်လမ်းကြောင်း ဖြစ်တဲ့ Silk Road နဲ့ ဆက်စပ်နေတဲ့ဧရိယာတွေက Uzbekistan ကိုရောက်ရင် မဖြစ်မနေသွားရောက်လည်ပတ်သင့်တဲ့နေရာတွေပါ။ 

#6 Northern Chin State 

Photo Credits @saw_thunder_myint

Nothern Chin State is on her top of the list. With its huge mountains and picturesque views it will blow your mind. #6 Northern Chin State

ချင်းပြည်တောင်ပိုင်းကတော့ သွားသင့်တဲ့ ခရီးစဉ်ရဲ့ ထိပ်ဆုံးမှာရှိနေပါတယ်။ ကြီးမားကျယ်ပြန့်ပြီး အဆုံးမရှိတဲ့ တောင်တန်းတွေနဲ့ ပန်းချီကားလိုထင်မှတ်မှားရလောက်အောင် လှပလွန်းတဲ့ရှုခင်းတွေက စိတ်ကိုငြိမ်းချမ်းစေမှာ အမှန်ပါပဲ။ 

How about you where are your top list to travel for 2020? Comment below, we would love to know

အချစ်တို့ရော ၂၀၂၀ မှာ သွားဖို့စဉ်းစားထားတဲ့ ခရီးစဉ်တွေရဲ့ ထိပ်ဆုံးက ဘယ်နေရာလေးဖြစ်မလဲ။ အောက်မှာ comment လေးနဲ့ပြောပြပေးပါဦးနော်။