အတုယူစရာကောင်းတဲ့ Stella McCartney’s ရဲ့ ရင်သားကင်ဆာအသိပေးရေးကမ်ပိန်း
Though it’s already November, Stella McCartney launched raw, and emotional portraits to promote breast cancer awareness last October.
နိုဝင်ဘာလရောက်သွားပြီဆိုပေမယ့် ပြီးခဲ့တဲ့ အောက်တိုဘာ လမှာ Stella McCartney က ရင်သားကင်ဆာနဲ့ပက်သက်ပြီး အသိပေးနှိုးဆော်ဖို့ စိတ်ခံစားမှုတစ်စုံတစ်ရာ ရစေမယ့် portrait ပုံကြမ်းအချို့ကို ပြသခဲ့ပါတယ်။

The British designer tapped Pulitzer Prize-winning photojournalist Lynsey Addario and filmmaker and activist Alice Aedy to capture 12 women of diverse ages and backgrounds who have gone through, or are going through, a breast cancer diagnosis.
ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ Stella McCartney က ပူလစ်ဇာဆုရှင် သတင်းထောက် Lynsey Addario ၊ ရုပ်ရှင်ရိုက်ကူးသူ နဲ့ တက်ကြွလှုပ်ရှားသူ Alice Aedy တို့နဲ့ပူးပေါင်းပြီး ရင်သားကင်ဆာရောဂါကို ကြုံတွေ့ ဖြတ်သန်းခဲ့ရတဲ့ အသက်အရွယ်မတူညီတဲ့ နောက်ခံဘဝဇာတ်ကြောင်းအမျိုးမျိုးနဲ့ အမျိုးသမီး ၁၂ ဦး ရဲ့ ဓာတ်ပုံကို ရိုက်ကူးခဲ့ပါတယ်။

These women bare their scars, share their stories and strength, while wearing Louise Listening and Adidas by Stella McCartney post-mastectomy bras at home during the quarantine. Sales of their pink Whitney Popping lingerie set will support Stella McCartney Cares Foundation — aiding breast cancer initiatives globally.
အဲ့ဒီအမျိုးသမီးတွေက သူမတို့ရဲ့ဒဏ်ရာအမာရွတ်တွေကိုထုတ်ဖော်ပြသခဲ့ပြီး သူတို့ရဲ့ဇာတ်ကြောင်းနဲ့ ကြံ့ကြံ့ခိုင်ရင်ဆိုင်ခဲ့ပုံတွေကို ဝေမျှပေးခဲ့ပါတယ်။ ဓာတ်ပုံထဲက အမျိုးသမီးတွေဟာ quarantine ကာလအတွင်း အိမ်မှာနေရင်း Stella McCartney ရဲ့ Louise Listening and Adidas post-mastectomy bra တွေကို ဝတ်ဆင်ထားကြတာကိုမြင်တွေ့ရမှာပါ။ Stella McCartney ရဲ့ pink Whitney Popping lingerie set ကို ရောင်းချရတဲ့ငွေကြေးက သူမရဲ့ ရင်သားကင်ဆာစောင့်ရှောက်ရေး ဖောင်ဒေးရှင်းအတွက် ရန်ပုံငွေလည်းဖြစ်ပါတယ်။ ဖောင်ဒေးရှင်းရဲ့ရည်ရွယ်ချက်က ကမ္ဘာလုံးဆိုင်ရာ ရင်သားကင်ဆာအသိပေးကာကွယ်ရေးပဲဖြစ်ပါတယ်။

Watch the short film of Stella McCartney’s short film titled, “A Letter to My Loved Ones,” for Breast Cancer Awareness Month.
ရင်သားကင်ဆာ အသိပေးရေး လ အတွက် ရိုက်ကူးထားတဲ့ Stella McCartney ရဲ့ “A Letter to My Loved Ones” ဆိုတဲ့ ရုပ်ရှင်အတိုကို ဒီ link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Photos from Stella McCartney