Categories
health

WHY YOU FEEL SO TIRED EVEN JUST STAYING AT HOME THIS QUARANTINE TIME

ကွာရန်တင်း ကာလမှာ အိမ်ထဲမှာနေပေမယ့် ဘာကြောင့် ပင်ပန်းတယ်လို့ခံစားနေရတာလဲ

Have you ever experienced a moment in this coronavirus stay at home time where you did nothing, yet you still feel tired by 9pm?

Dr Sophie Bostock, a Sleep Specialist explains:

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘာမှမလုပ်ဘဲ အိမ်မှာနေနေကြပေမယ့် ညကိုးနာရီရောက်ပြီဆိုတာနဲ့ ပင်ပန်းနွမ်းနယ်လာသလိုခံစားဖူးပါသလား။ အိပ်စက်ခြင်းနဲ့ပက်သက်တဲ့ ကျွမ်းကျင်ပညာရှင် Dr Sophie Bostock က အခုလိုရှင်းပြထားပါတယ်။

“It’s not surprising that lockdown is impacting how tired people are feeling. A lot of this comes down to routines being hacked, less exposure to sunlight, heightened anxiety from reading the news and increased screen time,”

“ အခုလိုဘယ်မှမသွားဘဲ အိမ်ထဲမှာနေထိုင်နေရတဲ့ကာလမှာ လူတွေအားလုံးက ပင်ပန်းနွယ်းနယ်မှုကို ခံစားရတာဟာ အထူးအဆန်းတော့မဟုတ်ပါဘူး။ နေရောင်ခြည်နဲ့ထိတွေ့မှုနည်းလာတာ၊ ဆိုရှယ်မီဒီယာပေါ်က သတင်းတွေဖတ်ပြီး ဒေါသထွက်ကြတာနဲ့ ဖုန်း၊ ကွန်ပျူတာ အသုံးပြုချိန်ပိုများလာတာတွေက ပုံမှန်နေ့စဉ်ဘဝရဲ့ လုပ်ဆောင်နေကျ ကိစ္စဝိစ္စတွေနေရာမှာ အစားထိုးဝင်ရောက်လာပါတယ်။ ”

“Because of all this our brains aren’t getting the same amount of stimulation that they are used to; we’re having to spend our days in the same few rooms of our houses and with the same few people, so it’s natural to feel more lethargic than normal as a result.”

Here, Dr. Sophie shares her bits of advice for re-energizing.

“ အဲ့ဒီအရာတွေကြောင့်ပဲ လူတွေရဲ့ဦးနှောက်က နေ့စဉ်ပုံမှန်လည်ပတ်လုပ်ဆောင်နေချိန်မှာ ဖြစ်ပေါ်လာတဲ့ လှုံ့ဆော်မှုမျိုးကို မရရှိတော့ပါဘူး။ နေ့စဉ်နဲ့အမျှ ဒီအခန်းထဲမှာ ဒီလူတွေနဲ့ပဲ ထိတွေ့ဆက်ဆံနေရတဲ့အတွက်ကြောင့် လေးလံထိုင်းမှိုင်းနေသလိုခံစားနေရတာက သဘာဝပါပဲ။ ” အားအင်ပြန်လည်ဖြည့်တင်းရာမှာ အသုံးဝင်မယ့် အကြံဉာဏ်အချို့ ကို Dr. Sophie က ဝေမျှပေးထားပါသေးတယ်။

Establish a new routine (လုပ်ငန်းဆောင်တာအသစ်တစ်ခုဖန်တီးပါ ။)

And stick to it, too. “You’d think being able to sleep in longer and move less during lockdown would increase our energy levels in the day, but it’s quite the opposite,” notes Sophie. “It’s tempting to use the time you would be commuting to sleep-in, but messing with your circadian rhythms disrupts your body, making you more susceptible to tiredness.”  Keep your screens in a separate room to where you sleep too.

ပြီးတော့ အဲ့ဒီအလုပ်ကို စွဲစွဲမြဲမြဲလုပ်ပါ။ “ ဒီကာလမှ တစ်နေကုန်အိပ်နေပြီး လှုပ်ရှားရမယ့်ကိစ္စမျိုးကို ရှောင်နေတာက အားအင်ပြန်လည်ဖြည့်တင်းစေမယ်လို့ ထင်ကောင်းထင်နေပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒါက လုံးဝ ဆန့်ကျင်ဘက်ပါပဲ ” လို့ Sophie က ပြောပါတယ်။ “ကိုယ့်ရဲ့အချိန်တွေကို အိပ်စက်အနားယူရင်း ကုန်ဆုံးတာက သဘောကျစရာကောင်းတယ်ဆိုပေမယ့် လူတွေရဲ့ သတ်မှတ်ထားတဲ့အိပ်ချိန်စက်ဝန်း ကို ထိခိုက်စေတဲ့အတွက် ပင်ပန်းနွမ်းနယ်မှုကို ပိုခံစားရစေပါတယ်။” အိပ်စက်တဲ့အချိန်မှာ ဖုန်းတွေ၊ ကွန်ပျူတာတွေ ကို တစ်ခြားအခန်းတစ်ခန်းမှာ သပ်သပ်ထားလိုက်ပါ။

Restrict your news intake (သတင်းဖတ်ရှုခြင်းကို ကန့်သတ်ပါ ။)

Naturally, people are feeling quite anxious at the moment and constantly reading the news doesn’t help. “Whilst it’s important to keep up to date with what’s going on, try and moderate how much you’re checking the news, it’ll help to maintain your emotional balance,” says Sophie. “Stress triggers hyperactivity in our brains, releasing cortisol and our bodies go into defence-mode, which saps our energy and motivation.” Taking deep breaths and reading a good book before bed can help to.

လူတွေက အခုအချိန်မှာ အတော်လေးစိုးရိမ်သောကရောက်နေကြပြီး ဆိုရှယ်မီဒီယာက ဖော်ပြသမျှသတင်းတွေကို အဆက်မပြတ် ဖတ်နေခြင်းကလည်း ဘာအကူအညီမှ ရမှာမဟုတ်ပါဘူး။ “ ဘာတွေဖြစ်ပျက်နေလဲဆိုတာသိရဖို့အတွက် နောက်ဆုံးရသတင်းတွေကို အလျင်မီစေဖို့ကလည်း အရေးကြီးနေပါတယ်။ သတင်းဘယ်လောက်များများ ဖတ်မိသလဲဆိုတာနဲ့ ဖတ်တဲ့သတင်းတွေကို ချိန်ချိန်တွေးတောခြင်းကလည်း စိတ်ခံစားမှုကို အစွန်းမရောက်စေဘဲ ညီမျှအောင် ကူညီပေးပါတယ် ” လို့ Sophie က ပြောပါတယ်။ “ စိတ်ဖိစီးမှုက ဦးနှောက်ရဲ့ မူမမှန်တဲ့လှုပ်ရှားမှုကို ဖြစ်ပေါ်စေပြီး စတီးရွိုက်ဟော်မုန်းတစ်မျိုးကို ထုတ်လိုက်တဲ့အခါ လူ့ခန္ဓာကိုယ်က အလိုအလျောက် ကာကွယ်ပါတော့တယ်။ အဲ့ဒီအခါ လူတွေရဲ့ စွမ်းအင်နဲ့ စိတ်ဓာတ်တက်ကြွမှု တွေက လျော့နည်းသွားပါတော့တယ်။ ” မအိပ်ခင်မှာ စိတ်ငြိမ်အောင်ထားပြီး အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း နဲ့ စာအုပ်ဖတ်ခြင်းက စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။

Exercise your mind and body (စိတ်နဲ့ခန္ဓာ ကို လေ့ကျင့်ပေးပါ ။)

If you started off with every intention to regularly do at-home workouts, but have found yourself glued to your laptop instead (same), here’s one other reason why it might be worth dusting off your yoga leggings after all.

အိမ်မှာနေတဲ့အချိန် လေ့ကျင့်ခန်းလုပ်ဖို့ရည်ရွယ်ထားပေမယ့် ကွန်ပျူတာ နဲ့ ဖုန်း ကို လက်ကမခွာနိုင်ဖြစ်နေတယ်ဆိုရင် ရောဂ ဝတ်စုံကိုဖုန်ခါပြီး လေ့ကျင့်ခန်းစလုပ်ဖို့ လုံလောက်တဲ့အကြောင်းပြချက်တစ်ခုပေးပါရစေ။

“With so many of us confined to our houses, it’s easy to move from screen to screen and neglect making enough time for physical exercise,” says Sophie. “Physical activity is not only vital to boosting energy levels, as it releases endorphins, but it also promotes happiness.”

Doing some simple stretches at home will help too. 

“ အားလုံးက အိမ်မှာပဲနေကြတဲ့အတွက် ဖုန်း နဲ့ ကွန်ပျူတာ ကို ထည်လဲပြောင်းသုံးဖို့ အရမ်းလွယ်ပြီး လေ့ကျင့်ခန်းလုပ်ဖို့ကို မေ့နေတတ်ကြတယ်” လို့ Sophie က ဆိုပါတယ်။ “ ကိုယ်ကာယလေ့ကျင့်ခန်း လုပ်တယ်ဆိုတာက စွမ်းအင်ကိုမြှင့်တင်ပေးရုံမက အန်ဒိုဖင် ဟော်မုန်းကိုထုတ်လွှတ်ပေးပြီး ပျော်ရွှင်မှုကို မြှင့်တင်ပေးပါတယ်။ ” အိမ်မှာနေရင်းလုပ်နိုင်တဲ့ ရိုးရှင်းတဲ့ ကိုယ်လက်လှုပ်ရှားမှုကလည်း အကျိုးသက်ရောက်မှုရှိပါတယ်။

“Overcome tiredness by preparing your body for sleep and restoration with a gentle yoga workout,” adds Sophie. It’s equally as important to make sure your brain is kept stimulated too, by doing different activities each day, like reading, listening to music or learning a new skill. “The control centre of your body, a healthy and cared-for brain will help beat tiredness.”

“ ကောင်းမွန်စွာအိပ်စက်အနားယူခြင်း၊ ရောဂ လေ့ကျင့်ခန်းလုပ်ခြင်းတို့နဲ့ ပင်ပန်းနွမ်းနယ်မှုကို အနိုင်ယူလိုက်ပါ” လို့ Sophie က အကြံပြုပါသေးတယ်။ “ စာဖတ်ခြင်း ၊ သီချင်းနားထောင်ခြင်း၊ အကြောင်းအရာအသစ်များကို လေ့လာသင်ယူခြင်းစတဲ့ နေ့စဉ်နေ့တိုင်း မတူညီတဲ့လှုပ်ရှားမှုတွေပြုလုပ်ပြီး ဦးနှောက်ကို လှုံ့ဆော်ပေးဖို့ကလည်း အရေးကြီးပါတယ်။ ” လူ့ခ္ဓာကိုယ်ရဲ့ ကျန်းမာပြီး ကောင်းမွန်တဲ့ ပင်မထိန်းချုပ်နေရာဖြစ်တဲ့ ဦးနှောက် က ပင်ပန်းနွမ်းနယ်မှုကို တိုက်ဖျက်ရာမှာ ကူညီပေးပါလိမ့်မယ်။

This article originally appeared on Cosmopolitan.com. Minor edits have been made by the OOTDMYANMAR editors.

Cosmopolitan.com တွင် ဖော်ပြထားသည့် ဆောင်းပါးကို OOTDMYANMAR အယ်ဒီတာအဖွဲ့မှ အနည်းငယ်ပြင်ဆင်ဖြည့်စွက်ထားပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s