Categories
Beauty Fashion

HOW TO BE A GIRL BOSS

အမျိုးသမီးများ၏စွမ်းရည် : စွမ်းဆောင်ရည်ပြည့်ဝတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ဖို့

  1. Invest in a Power Suit. (စွမ်းရည်ပြည့်ဝတဲ့ဝတ်စုံတစ်စုံအတွက် ရင်းနှီးမြှုပ်နှံပါ။)

Being a girl boss is about working. If you’re doing an amazing job, why not look amazing while you’re at it? Investing in a power suit that make you feel confidents is a must.

စွမ်းဆောင်ရည်ပြည့်ဝတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ခြင်းဟာ အလုပ်လုပ်ခြင်းပါပဲ။ ကိုယ်က အံ့အားသင့်စရာကောင်းတဲ့အလုပ်တစ်ခုကိုလုပ်နေတယ်ဆိုရင် ကိုယ့်ရဲ့ပုံပန်းသဏ္ဍာန်ကလည်း ဘာကြောင့် အံ့အားသင့်စရာ ဖြစ်မနေရမှာလဲ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိစေတဲ့ ဝတ်စုံတစ်စုံရှိထားဖို့ကလည်း အရေးကြီးပါတယ်။

Photo credits to @shmyint @mdsmyanmar @khinethitlwin
  1. Hit the Gym! (Gym ဆော့ပါ။)

One important rule of being a girl boss is staying healthy! 

စွမ်းဆောင်ရည်ပြည့်ဝတဲ့အမျိုးသမီးတစ်ယောက်အတွက် နောက်ထပ်မရှိမဖြစ်လိုအပ်တာကတော့ ကျန်းမာစွာနေထိုင်ဖို့ပါ။ Gym ဆော့ခြင်းက သက်လုံကောင်းပြီး အားအင်ပိုတိုးလာစေရုံမက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေလည်း တိုးပွားလာစေပါတယ်။

Photo credits to @hertravelproject

Not only will hitting the gym give you more energy and stamina, but it will help increase your confidence tool!

  1. Read. (စာဖတ်ပါ။)

Educate yourself! Reading will allow you to stimulate your mind and keep it young.

ကိုယ်တိုင်သင်ယူလေ့လာပါ။ စာဖတ်ခြင်းက ကိုယ့်ရဲ့စိတ်ကိုပိုတိုးတက်စေရုံမက အတွေးအခေါ်တွေကို လတ်ဆတ်စေလို့ သင့်ကိုလူငယ်တစ်ယောက်လိုခံစားစေမှာပါ။

  1. Get Your Beauty Sleep! (အလှအပအတွက်အနားယူပါ။)

Getting your beauty rest is extremely important to being a girl boss. Aim to get 8 hours of sleep every night!

အနားယူခြင်းကလည်း စွမ်းဆောင်ရည်ပြည့်ဝတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ဖို့အတွက် အင်မတန်အရေးကြီးပါတယ်။ ညတိုင်း တစ်နေ့ကို ရှစ်နာရီအိပ်စက်နိုင်ဖို့ကြိုးစားပါ။

  1. Be Assertive! (ယုံကြည်ချက်ခိုင်မှာပါစေ။)

Being assertive is knowing when to take “no” for an answer and knowing when to push a little bit harder.

ယုံကြည်ချက်ခိုင်မာခြင်း က ဘယ်အချိန်မှာ ငြင်းဆန်ရမလဲဆိုတာနဲ့ ဘယ်အချိန်မှာ ပိုပြင်းပြင်းထန်ထန်ကြိုးစားရမလဲ ဆိုတာကို သိရှိခြင်းဖြစ်ပါတယ်။

  1. Follow a Healthy Diet! (ကျန်းမာတဲ့စားသောက်မှုပုံစံကိုထိန်းသိမ်းပါ။)

Never skip breakfast! This is what will keep your energized in the morning and don’t be afraid to snack during the day! 

နံနက်စာကိုဘယ်တော့မှ ကျော်မသွားပါနဲ့။ နံနက်စာစားခြင်းက သင့်ရဲ့နံနက်ခင်းကို အားအင်ပြည့်ဝနေစေတဲ့အပြင် တစ်နေ့တာလုံးမှာလည်း အချိုအချဉ်မုန့်လေးတွေစားဖို့ မတွန့်ဆုတ်ပါနဲ့။

  1. Save Money! (ချွေတာစုဆောင်းပါ စုပါ၊)

Save, save, save! If you want to be a girl boss, you’re going to need to save your money! Wait for special promotions like MDS Myanmar’s on going sale:

စုပါ၊ အမြဲမပြတ်စုဆောင်းပါ။ စွမ်းဆောင်ရည်ပြည့်ဝတဲ့အမျိုးသမီးတစ်ဦးဖြစ်ချင်ရင်တော့ ချွေတာစုဆောင်းတတ်ဖို့လိုပါတယ်။ MDS Myanmar ရဲ့ on going sale လို special promotion တွေကို စောင့်ပါ။

  1. Set Your Goals. (ပန်းတိုင်တွေကိုသတ်မှတ်ထားပါ။)

Set goals for yourself and you’ll find that with the proper steps and preparation, you’ll soon get there!

ကိုယ့်ရည်မှန်းချက်ပန်းတိုင်တွေကိုချမှတ်ထားပြီး သေချာတဲ့ခြေလှမ်းတွေ ၊ ပြင်ဆင်မှုတွေနဲ့ဆိုရင် မကြာခင် ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိမှာပါ။

  1. Start Small. (သေးသေးလေးကနေ စတင်ပါ။)

Instead of “going big,” you might find it more efficient to start small! 

ခြေလှမ်းကြီးကြီးစလှမ်းတာထက်စာရင် ခြေလှမ်းသေးသေးစလှမ်းတာက ပိုပြီး အကျိုးဖြစ်ထွန်းစေပါတယ်။

Being a girl boss isn’t easy, but nothing worth doing or being ever is.

စွမ်းဆောင်ရည်ပြည့်ဝတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ဆိုတာ လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒီလိုအမျိုးသမီးတစ်ယောက်ဖြစ်နေခြင်းကလည်း အရာအားလုံးထက်ပိုတန်ဖိုးရှိပါတယ်။

Happy International Women’s Day to all!

ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဖြစ်ပါစေ။

Original article from you queen.com. Some revisions where made.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s