Categories
international

5 MOVIES TO WATCH FOR FEBRUARY 14

February 14 may not be a public holiday but the world celebrates Valentine’s Day. People from all over the world express their love in different ways. What if you’re single or you don’t have budget, does it mean you have to skip Valentine’s Day? Of course NOT! You can spend the day at home watching romantic movies to feel the spirit of Valentine’s Day. So below, you’ll find a list of the top 6 best romantic movies to watch for Valentine’s Day.

ဖေဖော်ဝါရီ ၁၄ ရက်နေ့ဟာ အများပြည်သူရုံးပိတ်ရက်မဟုတ်ပေမယ့် တစ်ကမာ္ဘလုံးက ချစ်သူများနေ့ကို ဆင်နွှဲကြပါတယ်။ ကမာ္ဘတစ်ဝှမ်းကလူတွေအားလုံးက သူတို့ရဲ့အချစ်တွေကို နည်းလမ်းမျိုးစုံနဲ့ ဖော်ပြတဲ့နေ့လည်း ဖြစ်ပါတယ်။ အဲ့ဒီနေ့ကိုအတူဖြတ်သန်းမယ့်အဖော်လည်းမရှိဘူး၊ ပိုက်ဆံလည်းမရှိဘူးဆိုရင် ဘာလုပ်ကြမလဲ။ ချစ်သူများနေ့ ကို ဘာမှမလုပ်ဘဲ ကျော်သွားတော့မှာလား။ ဘယ်ဟုတ်မလဲ။ အိမ်မှာနေရင်း အချစ်ဇာတ်လမ်းတွေကြည့်ပြီး ချစ်သူများနေ့ကို ဖြတ်သန်းလို့ရပါတယ်။ အဲ့ဒီတော့ ချစ်သူများနေ့မှာကြည့်သင့်တဲ့ အကောင်းဆုံးရုပ်ရှင် ၅ ကား ကို ဖော်ပြပေးလိုက်ပါတယ်။

#1 Sleepless in Seattle

Sleepless in Seattle,is a light romantic comedy.

က တော့ ပေါ့ပေါ့ပါးပါး အချစ်ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။

Tom Hanks stars as widower and single father Sam. When Sam’s son, Jonah (Ross Malinger), calls into a talk radio program looking for a new mother, Sam ends up getting on the phone and laments about his lost love.

မင်းသား Tom Hanks က တစ်ခုလပ်ဖခင် Sam အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ Sam ရဲ့သား Jonah (Ross Malinger) က ရေဒီယိုအစီအစဉ်တစ်ခုကနေ အမေအသစ်ရှာတဲ့အချိန်မှာတော့ Sam တစ်ယောက် ဖုန်းပြောရင်း အချစ်ဟောင်းကိုသတိရပြီး ဝမ်းနည်းပူဆွေးသွားပါတော့တယ်။

Thousands of miles away, Annie (Meg Ryan) hears the program and immediately falls in love with Sam

Sam နဲ့ မိုင်ပေါင်းများစွာအကွာမှာနေထိုင်တဲ့ Anni (Meg Ryan) က ရေဒီယိုအစီအစဉ်ကို ကြားကြားချင်း မှာပဲ Sam ကို ချစ်မိသွားပါတယ်။

#2 The Notebook

In 1940s South Carolina, mill worker Noah Calhoun (Ryan Gosling) and rich girl Allie (Rachel McAdams) are desperately in love. But her parents don’t approve. When Noah goes off to serve in World War II, it seems to mark the end of their love affair. Allie becomes involved with another man (James Marsden). But when Noah returns to their small town years later, on the cusp of Allie’s marriage, it soon becomes clear that their romance is anything but over.

၁၉၄၀ ခုနှစ် ၊ ကယ်ရိုလိုင်းနားတောင်ပိုင်း မှာပေါ့။ အလုပ်သမားလေး Calhoun (Ryan Gosling) နဲ့ ချမ်းသာကြွယ်ဝတဲ့ မိန်းကလေး Allie (Rachel McAdams) တို့က တစ်ဦးနဲ့တစ်ဦး မခွဲနိုင်မခွာရက် ချစ်ကျွမ်းဝင်နေကြပါတယ်။ ဒါပေမယ့် Allie ရဲ့မိဘတွေက သဘောမတူကြပါဘူး။ Noah တစ်ယောက် ဒုတိယကမာ္ဘစစ်မှာ စစ်မှုထမ်းဖို့ထွက်သွားတဲ့အချိန်မှာတော့ သူတို့ရဲ့အချစ်ဇာတ်လမ်းလေး အဆုံးသတ်ဖို့ ဖြစ်လာခဲ့ပါတယ်။ Allie ကလည်း အခြားယောက်ျားတစ်ယောက်နဲ့တွေ့ဆုံသွားပါတယ်။ ဒါပေမယ့် နှစ်တွေအများကြီးကြာပြီးနောက် သူတို့မြို့လေးကို Noah ပြန်ရောက်လာတဲ့အခါမှာတော့ Allie ရဲ့လက်ထပ်ပွဲကလည်း နီးကပ်နေပါပြီ။ အဲ့ဒီအချိန်မှာတော့ သူတို့နှစ်ဦးရဲ့အချစ်ဇာတ်လမ်းက ပြီးဆုံးသွားရုံကလွဲပြီး ဘာမှဖြစ်မလာတော့ဘူးဆိုတာ သေချာသွားခဲ့ပါတယ်။

#3 Brokeback Mountain

The story of a forbidden and secretive relationship between two cowboys, and their lives over the years.

လူမှုပတ်ဝန်းကျင်က တားမြစ်ပိတ်ပင်ထားပေမယ့် တစ်ယောက်နဲ့တစ်ယောက် နှစ်ပေါင်းများစွာကြာအောင် လျှို့ဝှက်ချစ်ပြီးချစ်နေရတဲ့ ကောင်းဘွိုင်နှစ်ယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ်။

How about going back to the golden age of Myanmar cinema. Here are two movies which are featured by our legendary actors and actress. မြန်မာ့ရုပ်ရှင်ရဲ့ရွှေခေတ်ကိုပြန်သွားကြရအောင်။ တစ်ခေတ်တစ်ခါကထင်ရှားခဲ့ပြီးအခုအချိန်ထိလည်း ပရိတ်သတ်ရင်ထဲမှာ နေရာယူထားဆဲဖြစ်တဲ့ သရုပ်ဆောင်တွေရဲ့ ရုပ်ရှင်နှစ်ကားကို ညွှန်းပေးလိုက်ပါတယ်။

#4 မောင့်မူပိုင်ရှင်

If we say “ Maung Mu Paing Shin”, it’s a reminiscence of the sound track of this movie. Although it has two version, we recommend the remake version for now. Our all time favorite actors Dway, Htun Eaindra Bo, Lwin Moe and Htet Htet Moe Oo will make you feel the difference of first love and the most beloved.

မောင့်မူပိုင်ရှင် မောင့်မူပိုင်ရှင် လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ထဲကသီချင်းလေးကို သတိရပြီးလိုက်ဆိုမိကြတာပါပဲ။ မောင့်မူပိုင်ရှင် မှာ နှစ်မျိုးရှိပေမယ့် အခုညွှန်းပေးမှာကတော့ ဒုတိယအကြိမ်ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ပြည်သူချစ် သရုပ်ဆောင်တွေဖြစ်တဲ့ ဒွေး၊ ထွန်းအိန္ဒြာဗိုလ်၊ လွင်မိုး နဲ့ ထက်ထက်မိုးဦး တို့ ပါဝင်သရုပ်ဆောင်ထားပြီး အချစ်ဦး နဲ့ အချစ်ဆုံး ရဲ့ကွာခြားချက်ကိုမြင်တွေ့ခံစားနိုင်မယ့် ရုပ်ရှင်ဖြစ်ပါတယ်။

#5 Myat Hnar Myar Tae Kaung Kin “မျက်နှာများတဲ့ ကောင်းကင်”

The movie which Eaindra Kyaw Zin won the Academy award for best actress. And the co-stars are Yan Aung, Lwin Moe and Tint Tint Htun. It’s a good movie which deserves to be seen again.

“မျက်နှာများတဲ့ ကောင်းကင်” မျက်နှာများတဲ့ကောင်းကင် ရုပ်ရှင် က ပြည်သူ့အချစ်တော် အူဝဲ (ခ) အိန္ဒြာကျော်ဇင် အကယ်ဒမီ ရခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ အိန္ဒြာကျော်ဇင် နဲ့အတူ ရန်အောင်၊ လွင်မိုး နဲ့ တင့်တင့်ထွန်း တို့ က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ကလည်းပြန်လည်ခံစားသင့်တဲ့ရုပ်ရှင်ကားကောင်း တစ်ခုဖြစ်ပါတယ်။

What would you recommend us to watch? Comment below

ချစ်သူများနေ့ မှာ ကြည့်လို့ကောင်းမယ့်ရုပ်ရှင်လေးရှိရင် comment မှာ ညွှန်းပေးပါဦး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s