Not all individuals are born expert travelers.
ဘယ်သူကမှ ကျွမ်းကျင်တဲ့ ခရီးသွားတွေအဖြစ် မွေးဖွားလာတာမဟုတ်ပါဘူး။
At first, we make a lot of travel mistakes.
အစမှာတော့ ခရီးသွားရင်း အမှားတွေအများကြီးလုပ်မိတတ်ပါတယ်။
So in order to avoid these travel hassles we collated travel tips from Camille Co-Koro a lifestyle influencer who travels a lot.
အဲ့ဒီလိုအမှားတွေကိုရှောင်ရှားနိုင်ဖို့ ခရီးတွေအများကြီးထွက်လေ့ရှိတဲ့ lifestyle influencer တစ်ဉီးဖြစ်သူ Camille Co-Koro ရဲ့ ခရီးသွားရင်မှတ်သားလိုက်နာရမယ့်အချက်လေးတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။

These tips for traveling will help you save money, sleep comfortably, feel better, and just being a better traveler.
ဒီအချက်လေးတွေက ခရီးသွားချစ်သူတို့ ငွေကုန်ကြေးကျသက်သာစေမယ်၊ သက်တောင့်သက်သာ အိပ်စက်အနားယူနိုင်မယ် ပြီးတော့ ပိုကျွမ်းကျင်တဲ့ ခရီးသွားတစ်ယောက်ဖြစ်လာစေမှာပါ။
Without further ado, here are her 12 travel tips:
အများကြီးဆက်ပြောမနေတော့ပါဘူး။ ခရီးသွားရင်မှတ်သားလိုက်နာရမယ့်အချက် ၁၂ ချက်က ဘာတွေလဲဆိုတာ ကြည့်လိုက်ကြရအောင်။
1. Buy local sim.
ကိုယ်သွားမယ့်နိုင်ငံကထုတ်တဲ့ sim card ကို ဝယ်ပါ။
2. Don’t put money in 1 place.
ပိုက်ဆံကို တစ်နေရာတည်းမှာ စုပြီးမသိမ်းပါနဲ့။
3. Bring medicine kit.
လိုအပ်တဲ့ဆေးဝါးပစ္စည်းတွေထည့်ပါ။
4. Transfer all your toiletries to smaller bottle and container.
တစ်ကိုယ်ရည်သုံးပစ္စည်းတွေကို နေရာအများကြီးမယူတဲ့ ဗူးတွေ အိတ်တွေနဲ့ထည့်ပါ။
5. Bring an extra foldable duffel bag.
ခေါက်လို့ရတဲ့ duffel bag အပိုထည့်ယူသွားပါ။
6. Bring a set of clothes in your hand carry.
Hand carry ထဲမှာ အဝတ်အစားတစ်စုံထည့်ယူသွားပါ။
7. Make sure to research the best airport transportation.
လေဆိပ်ကနေ အကြိုအပို့လုပ်မယ့်အကောင်းဆုံးဝန်ဆောင်မှုကို ကြိုတင်ရှာဖွေထားပါ။
8. Bring an eco bag.
ပိတ်အိတ် သို့မဟုတ် ချည်သားအိတ်တစ်အိတ်ဆောင်သွားပါ။
9. Don’t bring your passport with you all the time.
Passport ကို သွားလေရာ ယူမသွားပါနဲ့။
10. Bring slippers.
ခြေညှပ်ဖိနပ်တွေယူသွားပါ။
11. Don’t change money at the airport.
လေဆိပ်မှာ ငွေမလဲပါနဲ့။
12. Read reviews.
ကိုယ်သွားမယ့်နိုင်ငံ၊ နေရာ နဲ့ပက်သက်တဲ့ အကြံပေးချက်၊ ဝေဖန်ချက်တွေကိုဖတ်ပါ။
We hope these tips would help.
ဒီအချက်အလက်တွေက အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။
If you want to watch her full video here it is:
သူမရဲ့ video အပြည့်အစုံကိုကြည့်ချင်ရင်တော့ ဒီ link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
One reply on “TRAVEL TIPS FROM CAMILLE CO”
Great post 🙂
LikeLike